Episode - 5 . Unicode

467 34 1
                                    

"သားရယ် … သူဌေးကစိတ်ကွက်သွားမှဖြင့်!"

"သူကတောင်ပြောသေးတယ်၊ အမေနဲ့ညီလေးနှစ်ယောက်တည်းဆိုတော့ ညရေးညတာတွေသားရှိမှအဆင်ပြေမှာ ဟုတ်တာပေါ့တဲ့"

ညနေရုံးဆင်းခါနီးမှ သူဌေးကကောင်း,တို့သုံးယောက်ကိုခေါ်ကာ သူ့ကွန်ဒိုနှင့်မျက်နှာချင်းဆိုင်က‌အခန်းမှာနေဖို့ပြော၏။အဲ့ဒီကွန်ဒိုကိုလည်းသူကငှား‌ပေးမှာဖြစ်သည်။သူပြောတာလဲမမှားပါ၊အန္တရာယ်ဆိုတာညလူအိပ်ချိန်မလာနိုင်ဘူးပြောလို့မှမရတာ။ဒါကြောင့် ဘော်ဒီဂတ်ဖြစ်တဲ့ကောင်းတို့ကသူ့အနားမှာ နှစ်ဆယ့်လေးနာရီလုံးနေပေးနိုင်မှအဆင်ပြေမှာ။နောက်ပြီး ဒီသူဌေးကအစပဲရှိသေးတယ် ကွန်ဒိုတစ်ခန်းပါသူတို့သုံးယောက်ထဲကိုအပိုင်ငှားပေးတာမှတ်လား။ကောင်းကနေလို့မဖြစ်တော့ ကိုအောင်ကိုနဲ့ဝေယံနှစ်ယောက်တည်း ပိုလို့တောင်အဆင်ပြေကြသေးတယ်။ကားကိုလည်းအလုပ်ချိန်ဟုတ်ဟုတ်မဟုတ်ဟုတ် 24/7 ပေးထားတာလေ။လောလောဆယ်တော့ ဒီသူဌေးကတော်တော်မိုက်သည်။

"ဟင်း … မေဦးတို့ကြောင့်သားအလုပ်မှာအခက်တွေ့နေပါမယ်ကွယ်"

"သားအလုပ်ပြောင်းတာလဲမေဦးတို့နှစ်ယောက်အတွက်ပဲ၊ မေဦးတို့ကိုမစောင့်ရှောက်နိုင်ဘူးဆိုရင်တော့သားဒီအလုပ်ကိုဆက်လုပ်မှာမဟုတ်ဘူး အရင်အလုပ်ပဲပြန်လုပ်မှာ"

"အေးပါကွယ် … သားနားတော့လေ အလုပ်ကပင်ပန်းလာမှာပေါ့"

မေဦးကစိတ်မသက်သာဖြစ်နေပုံရသည်။မတတ်နိုင်ဘူး သူတို့သားအမိတွေအတွက်ဒီအလုပ်ကိုရွေးခဲ့တာ၊သူတို့အတွက်မှအဆင်မပြေရင်မလုပ်ရုံပဲ။

သားကြီးအပေါ်မှာ ခင်ဦးကိုယ့်ကိုယ်ကိုလိပ်ပြာမလုံသလိုဖြစ်မိသည်။သားကြီးက မိသားစုအတွက်အမြဲ ဦးစားပေးစဉ်းစားပေးသည်။ကျောင်းနားပြီးတော့ တွေ့ရာအလုပ်လုပ်ပြီး သားငယ်ကိုကျောင်းထားပေးခဲ့တာပဲကြည့်လေ။အရာရာတိုင်းမိသားစုအတွက်ပဲကြည့်နေတဲ့ကလေးကို ပညာရေးဆုံးခန်းတိုင်အောင် မသင်ယူခိုင်းခဲ့ရတာကိုတွေးမိတိုင်းရင်နာရသည်။အဲ့ဒီလိုဝမ်းနည်းတိုင်းလည်း သားဆန္ဒရှိလို့သားလုပ်ခဲ့တာ၊မေဦးကနားခိုင်းတာမှမဟုတ်တာပဲ ကိုယ့်ကိုယ်ကိုအပြစ်တင်မနေပါနဲ့တဲ့။သူပြောတာဟုတ်ပေမဲ့ ကိုယ်အသုံးမကျခဲ့လို့ဆိုတာလည်း ဟုတ်နေတာပဲကို။

Kiss me more [ on going ]Where stories live. Discover now