Episode - 11 . Unicode

355 27 0
                                    

တစ်ပတ်ခန့်ကြာပြီဖြစ်သော်လည်း ဟိုသူဌေးထံမှအလုပ်ထွက်စာအားအတည်ပြုလိုက်ပြီဖြစ်ကြောင်းကို ယခုထိအကြောင်းမကြားသေးပေ။အလုပ်မရှိဘဲတစ်ပတ်လောက်အိမ်တွင်သောင်တင်နေပြီမလို့ လူကစိတ်ညစ်နေပြီဖြစ်သည်။ဆရာကတော့ဝပ်ရှော့ကို အချိန်မရွေးပြန်လာခဲ့ဟုပြောထားသောကြောင့် ပြန်သွားခဲ့ရင်တောင် ဒီအလုပ်‌ကတရားဝင်မထွက်ရသေးသောကြောင့်တိုင်ပတ်နေပြန်သည်။ကိုယ်ကအရင်အလုပ်သွားပြန်လုပ်နေကာမှ အလုပ်ထွက်စာကိုအတည်မပြုရသေးသောကြောင့် အပြင်အလုပ်,လုပ်မရဘူးဟုဆိုကာ အကျင့်လာယုတ်နေမှာကိုစိုးနေရတာဖြစ်၏။ဒီသူဌေးကအဲ့ဒီလိုပဲ၊သူ့တစ်ကိုယ်လုံးမှာ ယုံချင်စရာဘာမှမရှိ။

တစ်ပတ်တောင်ကြာနေပြီဆိုမှတော့ ဒီအတိုင်းထိုင်နေလို့မဖြစ်တော့၍ ကိုသုခကိုဖုန်းဆက်ဖို့ပဲတတ်နိုင်တော့သည်။ကိုသုခကိုအလုပ်ရှုပ်မဲ့အချိန်မဆက်ချင်၍ အားတဲ့အချိန်ဆက်မယ်လို့တွေးမိသော်လည်း အားတာဆိုလို့ထမင်းစားနားချိန်ပဲရှိ၏။ထိုအချိန်ဆိုရင်လည်း သူကသူ့သူဌေးနှင့်အတူစားတာများ၏။ဒါဆို သူဌေးကိုကျော်ပြီးအတွင်းရေးမှူးကို ဘာကိစ္စကျော်မေးရသလဲဆိုတဲ့ ရွဲ့စောင်းပြောနေတဲ့အသံတွေကိုကြားနေရမှာအဆင်မပြေလှပါ။သို့သော်မတတ်နိုင်၊အလုပ်မလုပ်ရဘဲ အိမ်မှာအလကားထိုင်စားနေလို့မဖြစ်။ဒါကြောင့် မေးစရာရှိတာတော့မေးရမှာပင်။

Buzz ~

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝေယံ့ဆီမှဖုန်းဝင်လာ၏။သူဌေး၏အနီးဆုံးမှာရှိတဲ့သူတစ်ယောက်ယောက်ဆီက ဖုန်းဝင်လာရင်ကို အလုပ်ထွက်စာအကြောင်းသိရနိုင်မည်ဖြစ်သည်။ထို့ကြောင့် ကိုသုခဆက်တာမဟုတ်ပေမဲ့လည်း ဝေယံ့ဆီကလည်းအကျိုးအကြောင်းသိရနိုင်သည်။

"ဟယ်လို ဝေယံ"

"ကိုကောင်း ဘာလုပ်နေလဲ"

"ဒီလိုပါပဲကွာ အိပ်လိုက်စားလိုက်ပေါ့"

"ဇိမ်ကျတာပေါ့ဗျ"

"မကျပါဘူးကွာ"

"ဒါနဲ့လေ သူဌေးကသဘက်ခါကျရင် ချောင်းသာကိုအပန်းဖြေခရီးထွက်မှာတဲ့"

Kiss me more [ on going ]Where stories live. Discover now