Episode - 14 . Unicode

341 29 0
                                    

"ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ မင်းနဲ့ဘော့စ်ကဘာလဲ"

"ဘာစကားကြီးလဲကိုအောင်ကိုကလည်း"

"ငါပြောချင်တာကိုမင်းသိပါတယ်"

"ကျွန်တော်လည်းသိချင်တယ်ကိုကောင်း"

ထိုအခါမှ ကောင်းကသက်ပျင်းချရင်း မျက်နှာကတစ်ဖက်သို့လှည့်သွားသည်။နှုတ်ခမ်းကိုလျှာနဲ့သပ်ရင်း ဆံပင်ကိုလည်းလက်နှစ်ဖက်နှင့်အပေါ်သို့လှန်သိမ်းလိုက်သေး၏။ဒီကောင်စိတ်ရှုတ်နေပြီ။ပြောရမှာခက်နေမှာပေါ့။

သူ့မှာသူငယ်ချင်းမရှိဘူး အရင်ဝပ်ရှော့ တစ်နည်းအားဖြင့် ဒါလီ့အဖေဝပ်လျှော့မှာတုန်းက တပည့်ဖြစ်သူ ညီအစ်ကိုလိုခင်ရတဲ့ကောင်လေးပဲ ခင်စရာရှိခဲ့ဖူးတယ်တဲ့။အခုကျ သူငယ်ချင်းလိုထပ်ပြီးခင်ရတဲ့ ကိုအောင်ကိုနဲ့ဝေယံရှိလာပြီတဲ့။ပြောမနာဆိုမနာ ရင်ဖွင့်ဖော်ရင်ဖွင့်ဖက် သွေးသောက်ညီအစ်ကိုသူငယ်ချင်းလုပ်ကြတာပေါ့တဲ့ဒီကောင်ပြောခဲ့တဲ့စကားတွေ။အခုမေးတာကိုမဖြေကြည့် နားရင်းနာနာအုပ်ပစ်မယ်။

"ကိုအောင်ကိုဘာတွေကြားထားလို့လဲ"

"အစုံပဲ"

"ဘာမှမပတ်သတ်ဘူး"

ကိုအောင်ကိုကမယုံသလိုကြည့်၏။မယုံရင်ဘာလို့မေးနေသလဲ။ဘော့စ်နဲ့ယုန်ထင်ကြောင်ထင် ထင်နေရအောင် အနေအထိုင်မတတ်တဲ့အခါတွေများရှိခဲ့လို့လား။အပြောအဆိုကအစ သိသိသာသာဆင်ခြင်ခဲ့တာမဟုတ်လား။ဆင်ခြင်တယ်ဆိုတာကလည်း အခုလိုမဟုတ်တာကိုအဟုတ်ထင်နေကြမှာစိုးလို့။အခုကိစ္စက ဘယ်ကနေဘာတွေကြားလာလို့မေးနေသလဲမသိ။

"မယုံဘူးမလား"

"ယုံအောင်ပြောလေကွာ"

"ကျွန်တော်မှန်တာပြောနေတာ ကိုအောင်ကိုယုံအောင်မပြောတတ်ဘူး"

"အေးပေါ့ကွာ မင်းပြောတော့မင်းစကားပေါ့"

သူတို့ထင်နေကြသလို တခါတလေသူဌေးဘက်ကစကားအပြောအဆိုတွေမှာ မူမမှန်တာကိုသိပေမဲ့ သူ့ဘက်ကတွဲဖို့ပြောထားတဲ့သူဆိုတော့ တခါတလေဆိုတာမျိုးတော့ရှိမှာပဲပေါ့။ဒါကိုလက်ခံပေးနိုင်သည်။ဒါပေမဲ့ အခုသူများတွေပါသတိထားမိလာပြီ။ဘယ်လောက်ပွင့်လင်းတဲ့ညီအစ်ကိုလိုပဲဖြစ်နေပါစေ အကြောင်းအရာကုန်လုံးကိုအမှန်အတိုင်းပြောပြလို့မဖြစ်၊တစ်ဖက်လူ၏ဂုဏ်သိက္ခာလည်းရှိနေသေးသည်။နောက်ပြီးသူကကိုယ်တွေရဲ့အလုပ်ရှင်ဆိုတော့ ပိုတောင်ကာကွယ်ပေးရအုံးမည်။ကောင်းသည်ဖြစ်‌စေ ဆိုးသည်ဖြစ်စေ သူများတွေကအထင်သေးအမြင်သေးပြောလာရင်တောင် ကိုယ်ကကိုယ့်ထမင်းရှင်ကိုကာကွယ်ပေးရမှာ၊ ကိုယ်ကိုယ်တိုင်ကဆွဲချလို့မဖြစ်။

Kiss me more [ on going ]Where stories live. Discover now