ကိုအောင်နဲ့ဖုန်းပြောပြီးတာနှင့် ဘော့စ်ဆီသွားရမလား မသွားရဘူးလား ကောင်းစဉ်းစားနေမိသည်။ဂျူတီအရဆိုမသွားလို့ဖြစ်ပေမဲ့ သေရေးရှင်ရေးကိစ္စဆိုရင်တော့ ဂျူတီဘာညာမရှိဘဲ ကိုယ့်ထမင်းရှင်အားကာကွယ်ရမည်ဖြစ်သည်။အခုကိစ္စကသေရေးရှင်ရေးမဟုတ်ပေမဲ့လို့ပေါ့၊မဟုတ်ဘူးဆိုပေမဲ့လည်း အန္တရာယ်ကကြိုမမြင်နိုင်။ဘာအတွက်ကြောင့် ကိုအောင်ကိုနဲ့ဝေယံနှစ်ယောက်လုံးကိုထားခဲ့ရတာတဲ့လဲ။ဘာလဲ ! ရွဲ့တဲ့တဲ့ ပဲ့တဲ့တဲ့ လာလုပ်နေတာလား။ဒီကရွဲ့ရုံတင်မဟုတ်ဘူး ပြန်စောင်းပြလိုက်မှ ဟုတ်ပေ့ရှိနေမယ်။ကောင်း'ဆုံးဖြတ်ချက်တစ်ခုကိုမဖြစ်မနေချလိုက်ရသည်။မဟုတ်ရင်ဒီည ဟိုလိုလိုဒီလိုလိုနဲ့ အိပ်ရတော့မည်မဟုတ်ပေ။မေဦးနဲ့ပိုင်ပိုင့်ကိုထားခဲ့ဖို့လည်းစိတ်မချပေ။ဟိုဘက်ကလူကတော့ ယောက်ျားရင့်မာကြီးမဟုတ်လား။
နာရီဝက်လောက်အကြာမှာတော့ ကောင်းနေရာတစ်ခုသို့ရောက်နေပြီဖြစ်သည်။ထိုနေရာမှာ အတိုအပြတ်အဖော်အချွတ်တွေနဲ့ကောင်မလေးတွေ၊နွဲ့တွဲ့တွဲ့ အီတီတီဒီဇိုင်းနဲ့ကောင်ကလေးတွေ၊ကျားကျားယားယား မာဖီးယားဂိုဏ်းကလိုလိုဘာလိုလိုနဲ့ဘဲကြီးတွေ၊သာမန်ရိုးရိုးအေးအေးပုံစံမျိုးနဲ့လူတွေ၊စာပွဲထိုးကောင်လေးကောင်မလေးတွေ သူ့ဟာသူတော့ဟုတ်နေကြပေမဲ့ ကောင်း'အတွက်တော့တော်တော်လေးမျက်စိရှုပ်စရာကောင်းနေသည်။နောက်ပြီး ဖွင့်ထားတဲ့ဒီဂျေသီချင်းသံကြောင့် နားတွေပါထပ်ရှုပ်ရပြန်သည်။ကောင်း'အရက်ဘားနားတွင်မတ်တပ်ရပ်ရင်း ဘော့စ်ဆိုတဲ့ဟိုလူကိုရှာနေရသည်။မျက်လုံးသာညောင်းသွားတယ် သူ့ကိုမပြောနဲ့ သူနဲ့ခပ်ဆင်ဆင်တူတဲ့လူတစ်ယောက်တောင်မှ ကောင်း'ရှာမတွေ့ပေ။
"ကောင်းဇေသန့် …"
အနောက်ဘက်တစ်နေရာမှကိုယ့်နာမည်ကိုခေါ်သံကြားလိုက်ရသည်မို့ ကောင်းလှည့်ကြည့်လိုက်လျှင် ကိုနှစ်ချို့ဖြစ်နေလေသည်။ကိုယ်ကသူ့လာရှာတာလား သူကကိုယ့်လာရှာတာလားတောင် ပြန်စမ်းစစ်ရတော့မလိုပင်။ဘာတဲ့ … ကောင်ဇေသန့်တဲ့။ဟက် ! သူကပဲနာမည်တွေဘာတွေပြောင်းခေါ်ရတယ်ရှိသေးတယ်။ဘယ်သူကရော အစကတည်းက 'ကောင်း' လို့ခေါ်ခိုင်းခဲ့လို့လဲ။သူ့ဘာသာ 'ကောင်း' ချင်တုန်းက 'ကောင်း'၊ 'ကောင်း' နဲ့ပါးစပ်ကမချဘူး။အခုကျတော့လည်း 'ကောင်းဇေသန့်' ဖြစ်သွားပြန်ရော။အဲ့လိုပြောင်းခေါ်ပြတော့ရော ဒီကကောင်ကဘာတွေဖြစ်ပြနေမှာမလို့လဲ။နာမည်တစ်ခုပဲမဟုတ်ဘူးလား၊ဘယ်လိုခေါ်ခေါ် စိတ်မဝင်စားအားဘူး။
YOU ARE READING
Kiss me more [ on going ]