Episode - 12 . Unicode

359 27 0
                                    

အိပ်ယာနိုးနိုးချင်းအပျင်းကြောဆန့်ရင်း အခန်းထဲရှိတိုင်ပတ်နာရီအား လှမ်းကြည့်လိုက်လျှင် အချိန်ကားမွန်လွဲနှစ်နာရီရှိနေပြီဖြစ်သည်။ညကကိုးနာရီကျော်မှရန်ကုန်ကစထွက်လာပြီး မနက်မှချောင်းသာသို့ရောက်တာမို့ အိပ်ရေးပျက်တာနဲ့အိပ်ပစ်လိုက်တာ နေ့လယ်ရောက်နေပြီဆိုတာတောင်မသိလိုက်ဘူး။ဘယ်သူမှလည်းလာမနှိုးကြဘူး။

အတွေးကိုလက်စသက်ရင်း အိပ်ယာမှထကာရေချိုးခန်းထဲဝင်ပြီး လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ခြေလက်ဆေးပြီးမျက်နှာသစ်လိုက်၏။ထို့နောက် အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။အပြင်ရောက်ရောက်ချင်းပဲ ကောင်းရှိရာသို့တန်းတန်းမတ်မတ်လျှောက်လာနေသော ဝေယံ့အားတွေ့လိုက်ရသည်။

"အစ်ကိုကနိုးနေပြီလား ကျွန်တော်လည်းအခုပဲလာနှိုးတာ"

"ငါတော်တော်အိပ်ပျော်သွားတာပဲ"

"ဟုတ်တယ်၊ အစ်ကိုဘာမှမစားရသေးလို့လေ ဗိုက်ဆာနေမှာစိုးလို့တစ်ခုခုစားရအောင်လို့လာနှိုးတာ"

"အာ … မင်းတို့ရောစားပြီးပြီလား"

"ပြီးပြီပေါ့ဗျ ဘယ်အချိန်ရှိနေပြီလဲ"

အခန်းတံခါးအားသော့ခတ်ခဲ့လိုက်ပြီး ဝေယံသွားတဲ့နောက်ကိုလိုက်လာရင်း ကမ်းခြေလမ်းတစ်လျှောက် လေညှင်းခံရင်း ဟိုဟိုဒီဒီစပ်မိရာအကြောင်းတွေပြော၍ လျှောက်လာခဲ့လိုက်သည်။နောက်တော့ဝေယံကကမ်းခြေအလှအပကိုသေသေချာချာရှုစားလို့ရမဲ့ ဆိုင်တစ်ဆိုင်အတွင်းသို့ ရှေ့ကဦးဆောင်ကာဝင်သွား၏။ထိုဆိုင်ထဲတွင် ကိုအောင်ကိုရယ် သူဌေးရယ် ဟိုတစ်နေ့ကဓာတ်လှေကားအနားမှာတွေ့လိုက်ရတဲ့သူရယ်၊သုံးယောက်သားစကားလက်ဆုံကျနေသည်။ကမ်းခြေအလှအပကိုရှုစားချင်ကြတဲ့သူတွေအရမ်းများလို့ထင်ပါရဲ့ ဆိုင်ထဲတွင် လူအရမ်းများသည်။စားပွဲဝိုင်းတွေကလည်းတော်တော်များ၏။စီးပွားရေးအတော်ဖြစ်တယ်ထင်ပါ့။

ကောင်းဝင်လာနဲ့ ဆိုင်ထဲရှိတချို့လူတွေ၏အာရုံတွေက ကောင်းထံတွင်စုပုံကျကုန်သည်။ Cargo pants အနက်ရောင်အပွကို တီရှပ်အဖြူအပွနှင့်တွဲဝတ်ထားပြီး ဂျင်းအပါးသားလက်ရှည်အနက်ရောင်ကို ပုခုံးပေါ်တင်ထား၏။ တချို့ကတော့မသိမသာကြည့်ကြပေမဲ့ တချို့ကကျအားမနာစတမ်းကို လိုက်ကြည့်နေကြသည်။ခြေလှမ်းမှားအောင်ကိုကြည့်နေတာကြပဲ။တော်သေးတာက ကောင်းကရှက်တတ်တဲ့သူမဟုတ်တာပဲ။မဟုတ်ရင် ရှက်တာနဲ့ပဲ ဆယ့်ငါးခါလောက်ခလုတ်တိုက်နေလောက်ပြီဖြစ်သည်။

Kiss me more [ on going ]Where stories live. Discover now