"ဟေး … ခင်ဗျားကိုကျုပ်ဘာမှမလုပ်ရသေးဘူး ငိုမနေနဲ့"
"မင်းငါ့ကိုအော်တော့မှာမလား ငါသိတယ်"
"သိရင် ဘာလို့ကျုပ်ကိုလာနမ်းရတာလဲ"
မဖြေဘဲ ကုတင်ပေါ်သို့ပြန်လှဲအိပ်ကာ ဟိုဘက်လှည့်သွား၏။ဒါမျိုး ကောင်းဇေသန့်ကိုလာလုပ်လို့ရမှာတဲ့လား။
တစ်ဖက်လှည့်အိပ်နေသူ၏လက်မောင်းအား ဆွဲယူလိုက်ပြီးထထိုင်စေလျှင် သူကအိပ်နေရာမှမထဘဲ ကောင်း၏လက်ကိုသူကတဖန်ပြန်ဆွဲချလိုက်သောကြောင့် ရုတ်တရက်ထိုသို့လုပ်လိမ့်မည်ဟုမထင်ထားသောကြောင့် ကောင်းမထိန်းနိုင်ဘဲအိပ်ယာပေါ်သို့ ပစ်ကျသွား၏။ထိုအခါ နှစ်ချို့ကလူးလိမ့်ပြီးထထိုင်ကာ ကောင်း၏ဗိုက်ပေါ်သို့ မှောက်ရက်လာအိပ်နေလေသည်။ဒါဘယ်လိုအခြေအနေကြီးလဲ။အစောကထက်တောင်ပိုဆိုးနေသေးသည်မဟုတ်လား။တွန်းပြီးဖယ်တော့လည်း ကောင်း၏ပုခုံးတွေကိုကိုက်ထားသည်။ကောင်းချော့ပြောမှရတော့မည်ဆိုတာ နားလည်လိုက်သည်၊ကြမ်းလို့မရတော့ဘူး။ဒါပေမဲ့အစောကလည်းချော့လိုက်ကာမှ အနမ်းခံလိုက်ရတာမှတ်လား။
"ကျွန်တော်ပြန်တော့မယ် အပေါ်ကနေဖယ်ပေးအုံး"
"အနှစ် ကောင်းကိုအများကြီးသဘောကျတယ်"
"ဘယ်လို!"
"ကောင်းရောအနှစ်ကိုသဘောကျလား"
"မကျဘူး"
အ!
သူ့ကိုသဘောမကျဘူးပြောလိုက်တာနဲ့ ပုခုံးကိုလာကိုက်သောသူ၏ခေါင်းကို ကောင်းလက်ဖဝါးဖြင့်တွန်းလိုက်ပြီး အပေါ်ကလူအောက်သို့ကျသွားစေရန် ကောင်းခန္ဓာကိုယ်ကိုစောင်းချလိုက်သည်။သို့သော် ထင်ထားသလိုမဟုတ်ပါဘဲ သူကတစ်စောင်းအနေအထားဖြစ်နေတဲ့ကောင်း၏ရင်ခွင်ထဲတိုးဝင်ကာ ခါးကိုကျစ်နေအောင်ဖက်ထားပြီး မျက်လုံးစုံမှိတ်ကာအိပ်နေသည့်ပုံလုပ်ပြ၏။ဒီသူဌေးကိုကောင်းဘယ်လိုလုပ်ရပါ့မလဲ။ယောက်ျားချင်းအိပ်ယာပေါ်မှာဒီလိုတွေ ပလူးနေကြတာကို ကောင်းစိတ်ထဲအနေရခက်နေတာမျိုးမဖြစ်ပါ။ထို့ကြောင့် ကိုယ်တိုင်တောင်အံ့ဩနေမိသည်အထိ။
YOU ARE READING
Kiss me more [ on going ]