Episode - 8 . Unicode

429 35 2
                                    

စနေ၊တနင်္ဂနွေပိတ်ရက်ဆိုရင် ကောင်းကအိမ်မှာပဲမေဦးကို လိုအပ်တာတွေဝိုင်းကူလုပ်ပေးရင်းဖြင့်သာ အချိန်ကုန်သည်။အမှန်တကယ်ဆို ဘော်ဒီဂတ်ဆိုတာသူဌေးအနားမှာအချိန်ပြည့်နေပေးနိုင်မှဖြစ်တာကို ကောင်းသိသည်။ကိုအောင်ကိုတို့လို သူဌေးအိမ်မှာနေရင် သူတို့လည်းအိမ်မှာပဲနား၊သူဌေးအပြင်ထွက်မှသာအနောက်ကလိုက်ရပြီး တခါတလေသူဌေးကမခေါ်သွားတဲ့အချိန်တွေဆိုရင် အိမ်မှာပဲအေးအေးဆေးဆေးနားရုံပဲ။ကောင်းလည်း သူတို့နဲ့အတူတူနေရမဲ့ကိစ္စကို မနေနိုင်တဲ့အကြောင်းအရင်းတွေရှိနေလို့သာ။ထို့ကြောင့် သူဌေးကိုပြောပြီး ကိုအောင်ကိုနဲ့ဝေယံတို့ထက်လစာလျှော့ပေးပါလို့ ပြောရဲ့သားနဲ့ သူဌေးကတန်းတူညီမျှပေးသည်။သို့သော်ကိုယ်က ကိုအောင်ကိုနဲ့ဝေယံ့ကိုကျ အားနာရသည်။ထို့ကြောင့် ကောင်း'လကုန်ရင်သူတို့ကိုအဝစားတစ်ဝိုင်းဖန်တီးပေးလိမ့်ရှိသည်။

Buzz ~

ရှစ်နာရီခွဲနေပြီမလို့ အိပ်ယာပေါ်လှဲကာ ဟိုတွေးဒီတွေးနှင့်အိပ်မယ်ကြံကာမှ ခေါင်းအုံးဘေးကဖုန်းကအသံထမြည်လာတာမို့ ကောက်ကိုင်လိုက်ရသည်။

"ဟယ်လိုအစ်ကို"

"အေး ငါ့ညီ ! အိပ်ပြီလား"

"အိပ်တော့မလို့ပါ ကိစ္စရှိလို့လားအစ်ကို"

"အိပ်ခါနီးဆိုတော့ အားတော့နာပါတယ်ကွာ ... ဘော့စ်ကလပ်မှာမူးနေတယ်တဲ့ ကလပ်ပိုင်ရှင်ကကိုသုခကိုဖုန်းဆက်တာ၊ ကိုသုခကငါတို့ကိုသွားခေါ်ခိုင်းတာပါ။ ဒါပေမဲ့ မင်းသိတယ်မလား ငါတို့ခေါ်ရင်မူးနေတဲ့အချိန်ဆိုတော့ပိုရစ်နေမလားလို့"

ကောင်းစိတ်ညစ်သွားရသည်။ကိုအောင်ကို့ကိုအားနာသောကြောင့် သက်ပြင်းတော့မချလိုက်မိပါ။

"ကိုအောင်ကိုကျွန်တော့်ကိုကားနဲ့လာခေါ်ပေးနိုင်မလား၊ကားငှားရင်ကြာနေမှာစိုးလို့ ညဆိုတော့ကားရှာရခက်မှာလဲစိုးရိမ်လို့"

"ဟုတ်ပြီငါ့ညီ အစ်ကိုအခုထွက်လာခဲ့မယ်"

ထို့နောက်ကိုအောင်ကိုက ဖုန်းချသွားသည်။ဒီဘော့စ်ကတကယ့်ပြဿနာအိုးပဲ။လစာကောင်းပေမဲ့ စိတ်အရမ်းညစ်ရသည်။လူမပင်ပန်းဘဲ စိတ်ပင်ပန်းတာအရမ်းဆိုးသည်။ဒီဘော့စ်က ဒါမျိုးတွေကို သက်သက်လုပ်နေတာ။

Kiss me more [ on going ]Where stories live. Discover now