Episode - 4 . Unicode

622 49 4
                                    

မိသားစုသုံးယောက်ညစာထမင်းကိုလက်ဆုံစားပြီးတာနှင့် ကောင်း,အရင်ဆုံးအခန်းထဲဝင်ပြီးအိပ်ယာပေါ်လှဲလိုက်သည်။မေဦးကတော့ပိုင်ပိုင်စာကြည့်တဲ့ဘေးမှာ ထိုင်စောင့်ပေးနေရင်း ကောင်းကောင်းဖုန်းနှင့်ကိုရီးယားဇာတ်လမ်းတွဲ ကြည့်နေသည်။မေဦးကညနားချိန်မို့ ဖုန်းယူတော့လို့ပြောပေမဲ့ ကိုယ်လည်းဘာမှလုပ်စရာမရှိတာမို့ မေဦးကိုသာပေးထားလိုက်သည်။

"သားကြီးရေ"

"‌ဗျာ … မေဦး"

"ဖုန်းလာနေတယ်ကောင်လေး"

"ဟုတ် … လာပြီ"

မေဦးဆီကဖုန်းယူပြီးနောက် နံပါတ်ကိုကြည့်လိုက်လျှင် ရင်နည်းနည်းတုန်သွားသည်။နံပါတ်အစိမ်းဖြစ်တာမို့ မနက်ကကုပ္မဏီကအင်တာဗျူးအဖြေများပြောမလို့လားလို့တွေးမိသွား၏။အဲ့ဒီလိုတစ်ထစ်ချတွေးနိုင်သည်မှာ ကိုယ့်နံပါတ်ကိုသိတဲ့သူကခပ်ရှားရှားလေ။အဲ့ဒီလူတွေကလည်း သူတို့နံပါတ်နဲ့မှလွဲ၍ တခြားနံပါတ်နှင့်ဘယ်သောအခါမှမခေါ်ဖူးကြပေ။

"ဟယ်လို"

"ကိုကောင်းဇေသန့်လားဗျ"

ထိုအသံကြားတာနှင့် ရင်တုန်မှုကတန်ပိုမြင့်လာ၏။

"ဟုတ်ကဲ့"

"မနက်ဖြန်ကစပြီး အလုပ်စဆင်းလို့ရလို့ အကြောင်းကြားတာပါ"

"ဗျာ !! ဟုတ် ဟုတ်"

ထို့နောက်ဖုန်းကျသွားသည်။မေဦးနဲ့ပိုင်ပိုင်ကတော့ ဘာဖြစ်တာလဲဆိုသည့်ပုံစံဖြင့် ကြောင်တောင်တောင်ဖြင့်သူ့အားကြည့်နေကြသည်။

"သားအလုပ်ရပြီမေဦး"

"ဟယ်! တကယ် … ဝမ်းသာလိုက်တာသားရယ်"

"ကျွန်တော်လည်းဝမ်းသာတယ်ကိုကြီး"

ကောင်း'ပြုံးလိုက်သည်။ကျွန်တော်ကပိုဝမ်းသာတာပေါ့မေဦးရယ်…မေဦးနဲ့ညီလေးကို ကျွန်တော်ထားချင်တဲ့ပလ္လင်ပေါ်ကို ထားနိုင်ဖို့ကျွန်တော်ကြိုးစားခွင့်ရပြီ။
ကောင်း,ဘဝမှာ မေဦးသည်သာအားထားကိုးကွယ်ရာ။ညီလေးသည်သာ အသက်ဆက်ရာ။သူတို့ဘဝလေးတွေသာသာယာယာဖြစ်မှ
ကောင်း,စိတ်အေးနိုင်လိမ့်မည်။

Kiss me more [ on going ]Where stories live. Discover now