လေးလေးတို့သားအဖနှင့်အတူဘုရားကပြန်လာပြီးကတည်းက နှစ်ချို့ကွန်ဒိုမှာပုလင်းထောင်နေတာဖြစ်သည်။ကောင်းဇေသန့်ကိုချစ်မိတာပြစ်မှုကြီးတစ်ခုလိုပဲ။သူ့ကိုကိုယ်မဟုတ်တဲ့မိန်းကလေးတစ်ယောက်နဲ့မြင်လိုက်ရရင် စိတ်ထဲမှာခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ကုန်၏။အပြင်ပန်းမှာသာ နဂိုမူလမျက်နှာထားအတိုင်းနေနေပေမဲ့ ရင်ထဲမှာတော့ဗလောင်ဆူနေသည်။တိတ်တိတ်ကလေးတွဲနေရတော့ပိုဆိုးသည်။မဟုတ်ရင် လူကြားထဲမှာပဲ လက်ဆွဲပြီးခေါ်လာခဲ့လိုက်လို့ရ၏။
ရပ်ကွက်တူသူငယ်ချင်းတွေဆိုတော့ ဒီကောင်မလေးရှိလို့ကုပ္မဏီကိုအလုပ်လာလုပ်တာလားသူက။ကောင်မလေးကဝန်ထမ်းဟောင်းဆိုတာတော့သိသည်၊ကောင်းဇေသန့်တို့အဖွဲ့ခန့်ပြီးမှ နောက်ထပ်ဘယ်ဝန်ထမ်းကိုမှအလုပ်မခန့်ရသေးသောကြောင့် နှစ်ချို့တိတိကျကျပြောနိုင်တာဖြစ်သည်။ဒါဆို အတူတူရှိချင်လို့ အလုပ်ချင်းတူအောင် လေးလေးရဲ့ဝပ်လျှော့ကနေထွက်လာတာလား။သူငယ်ချင်းဆိုတာရောဟုတ်ရဲ့လား၊လေးလေးက'ကောင်မလေးလား'ဟုမေးတုန်းကဆို ကောင်မလေးကရှက်သွားသေးတာမဟုတ်လား။
နှစ်ချို့တို့သူတို့အနားကနေထွက်လာတုန်းက ကောင်း၏ရယ်သံသဲ့သဲ့ကြားလိုက်လို့ လှည့်ကြည့်လိုက်တော့ ကောင်မလေးကကောင်း၏ဗိုက်အားလိမ်ဆွဲထားတာကိုလွှတ်ပေးလိုက်တာနှင့် ကောင်းကသူမ၏ခေါင်းကိုပြန်ခေါက်တာမြင်လိုက်ရသည်။ရည်းစားဖြစ်တဲ့ နှစ်ချို့နဲ့တောင်ကောင်းကအဲ့ဒီလိုရင်းနှီးအောင်မနေဖူးဘူး။တိတ်တိတ်ကလေးတွဲဖို့ခွင့်တောင်းတာဆိုတော့ သူမနဲ့ကဘာတွေလဲ။
နှစ်ချို့သူတို့အကြောင်းတွေးနေရင်း တံခါးဖွင့်သံကြားလိုက်ရတာမို့ သူလာပြီဆိုတာကိုသိလိုက်ရသည်။ဒီကွန်ဒို၏ password ကိုသိတာဆိုလို့သူပဲရှိတာ။
အခန်းရှေ့ကခြေသံကြားရပြီ၊သူဝင်လာတော့မယ်ပေါ့။အခန်းတံခါးပွင့်တာနဲ့ နှစ်ချို့ပုံစံကိုမြင်လိုက်ရတဲ့ ကောင်းကမျက်မှောင်ကျုံ့ကြည့်သည်။
"အစောကမှဘုရားကပြန်လာတာမဟုတ်ဘူးလား ဘာလို့သောက်နေတာလဲ၊နေ့ခင်းကြောင်တောင်ကြီး"
YOU ARE READING
Kiss me more [ on going ]