Episode - 15 . Unicode

344 25 1
                                    

မေ့လဲသွားတဲ့လူကို သူ့အခန်းထဲသို့ပို့ထားပြီး ဆရာဝန်ခေါ်ပေးထားတယ်ဟု ပြောသောကြောင့် လူနာ၏အခန်းရှေ့ရောက်တာနဲ့ တံခါးခေါက်လိုက်စဥ် တံခါးလက်ကိုင်ဘုကအသံမြည်သွားတာမို့ အထဲသို့အတူတူဝင်လိုက်ကြ၏။ထိုစဉ်

"Happy birthday KoKo!"
"Happy birthday Ko Kaung!"
"Happy birthday Kaung Kaung!"

အားလုံး၏အသံတွေနဲ့အခန်းဟာဆူညံနေသော်လည်း နှစ်ချို့အတွက်တော့မျက်လုံးထဲမှာရော ခေါင်းထဲမှာရော နားထဲမှာရော ဘာမှမကြားရမမြင်ရတော့ဘဲ 'ကိုကို' ဟူသောအသံသာကြီးစိုးနေ၏။ဘာတွေလဲ! ကောင်းဇေသန့်မင်းငါ့ကိုညာတာလား။အစောကပဲမပတ်သတ်ပါဘူးဆို။နောက်ပြီး မေ့လဲတဲ့သူကဘယ်မှာလဲ။ဘာလို့ပျော်ရွှင်နေကြတာလဲ။ငါသာလိုက်မလာခဲ့ရင် ဒီပွဲမှာငါမပါရဘူးပေါ့၊ငါ့ကိုညီမလေးကတောင်မဖိတ်ဘူးပေါ့။

"ကိုကြီး လာလေ"

"နေပါစေ ... ငါပြန်တော့မယ်၊အစကတည်းကငါကဒီပွဲမှာရှိမနေသင့်တဲ့သူပဲ"

ဘယ်သူမှတားချိန်မရလိုက်ခင် နှစ်ချို့ကအခန်းအပြင်သို့ရောက်နှင့်နေခဲ့ပြီ။တစ်ခုခုကိုဆုံးရှုံးလိုက်ရသလိုခံစားချက်ကြီး ဘာလို့ဖြစ်နေပါလိမ့်။မင်းပျော်မယ်ဆိုရင် ငါ့ညီမပျော်မယ်ဆိုရင် အသည်းမမာပေမဲ့ ကျိတ်မှိတ်ပြီးဝမ်းသာနိုင်ပါတယ် ပြုံးနိုင်ပါတယ်။

ဘုန်း !

"ဟာ ... အစ်ကို! အစ်ကို! ထပါအုံး ... ဟေ့ဒီမှာလူတစ်ယောက်လဲနေလို့ လာပါအုံး"

°°

°°

°°

ကုတင်ပေါ်တွင်လဲလျောင်းပြီးအိပ်ပျော်နေသူကို လက်တွင်ဆေးပုလင်းချိတ်ပေးထားရသည်။ဒါလီပြောပြထား၍ သူကဖိအားတွေမခံနိုင်ဘူးဟုသိရသည်။ 'မင်းတို့ကြားမှာပတ်သတ်မှုတစ်ခုရှိမယ်လို့တွေးမိတိုင်းနာကျင်ရတယ်' လို့သူပြောခဲ့တဲ့စကားအရ 'Happy birthday KoKo' ဟုဒါလီပြောလိုက်တဲ့စကားအဆုံးမှာ သူအတော်လေးခံစားသွားရမယ်ဆိုတာနားလည်သည်။

အားလုံးကျွန်တော့်အပြစ်တွေပါ ... ကျွန်တော်သာပြဿနာမရှာခဲ့ရင် ခင်‌ဗျားအခုလိုဖြစ်မှာမဟုတ်ဘူး ကျွန်တော်တောင်းပန်ပါတယ်။ခင်ဗျားကကျွန်တော့်ကိုသဝန်တိုစေချင်တယ်တဲ့၊ကျွန်တော်တကယ်များသဝန်တိုမိလို့အခုလိုပြဿနာဖြစ်သွားရလားဆိုတာ တကယ်စဉ်းစားမရဘူး။ခင်ဗျားအမြန်နိုးလာပါတော့။

Kiss me more [ on going ]Where stories live. Discover now