Episode - 2 . Unicode

1K 42 0
                                    

ပန်းခြံထဲတွင်ပန်းခူးရင်းအလုပ်ရှုပ်နေကြသော အန်တီဦးနှင့်ကောင်းကောင်းတို့အား အိမ်ရှေ့ကနေအော်ခေါ်မနေတော့ဘဲ ပန်းခြံထဲသို့သာယုယသွားလိုက်သည်။အန်တီဦးရဲ့နှင်းဆီခြံကနှင်းဆီတွေကအရမ်းလှပြီး အိမ်ရှေ့ကဖြတ်သွားသူတွေပါရနံ့လှိုင်လှိုင်တွေအမြဲရတတ်သည်။ထို့နောက် အန်တီဦးတို့ခြံကပန်းတွေကို ဘုရားပန်းတင်ကြတဲ့သူတိုင်း မညှိုးလွယ်လို့ ဘုရားပန်းတင်တဲ့ရက်ဆိုရက်မှတ်ထားပြီး မညှိုးပဲအမြဲလဲပစ်ရသည့်အကြောင်းတွေဆိုတာ မကြားချင်မှအဆုံးပါပဲ။ရက်ကွပ်ထဲကလူတွေကတော့ လာဝယ်တဲ့အချိန်မှ ခူးခိုင်းတာမို့ပိုပြီးလတ်ဆတ်၏။သို့သော် ဆိုင်မှာရောင်းတဲ့ပန်းတွေကလည်း ရက်ကျန်ပန်းတစ်ပွင့်မှမပါပေ။

"ဟယ် !သမီး အလည်လာတာလား .. အန်တီဦးကပန်းခူးနေတာကိုအာရုံရောက်နေတော့ သမီးလာတာတောင်မသိလိုက်ဘူးကွယ်"

"ဟုတ်! ရပါတယ်အန်တီဦးရဲ့ .. သမီးကအလည်လာရင်းနဲ့ ကောင်းကောင်းအတွက်အလုပ်တစ်ခုတွေ့လာလို့ ၊ အဲ့ဒါလာပြောတာ"

ကောင်းဇေသန့် ကိုယ့်နာမည်ပါလာသည်မို့ ယုယခင်ဘက်သို့လှည့်ကြည့်ကာ ...

"ဘာအလုပ်လဲ"

ယုယ အန်တီဦးအနားမှ ကောင်းကောင်းအနားသို့သွားရပ်လိုက်ပြီး အင်္ကျီအိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ထုတ်ပေးလိုက်သည်။

" bodyguard .. "

ယုယပေးသောစာရွက်အားဖြန့်ကြည့်ပြီးနောက် ကောင်းဇေသန့်ပါးစပ်မှ ရေရွတ်လိုက်သည်။

"အင်းလေ ... ငါတို့ကုပ္မဏီပိုင်ရှင်ခေါ်တာ သုံးယောက်ခေါ်မှာတဲ့ နင်စိတ်ဝင်စားလား"

"အခုအလုပ်ကလဲအဆင်ပြေနေတာပဲ"

ကောင်းကောင်းကပြောပြီးတာနဲ့ သူ့ပန်းသူဆက်ခူးနေလေသည်။အန်တီဥိီးကလည်း သူ့သားသဘောဆိုပြီးဘာမှဝင်မပြောပေ။

"အန်တီဦး ! အန်တီဦးသဘောကရောဟင်"

အင်း ... ဒီကလေးမလေးက သားကြီးကိုငယ်ငယ်ကတည်းကသံယောဇဉ်ရှိရှာတာ၊ အခုလည်းအလုပ်တစ်ခုတည်းမှာ အတူတူရှိချင်နေတယ်ထင်ပါရဲ့။ဒါကို အိမ်ကကောင်လေးကဘာမှမသိရှာဘူး သူ့ခေါင်းထဲမှာ သူ့မေဦးနဲ့သူ့ညီလေးသာရှိတာ ... သမီးယုယရေ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ မဲဆွယ်ပေတော့။

Kiss me more [ on going ]Where stories live. Discover now