Episode - 13 . Unicode

334 25 0
                                    

လေတဖြူးဖြူးတိုက်ခတ်နေပြီး ကမ်းခြေသို့လာရောက်ရိုက်ခတ်နေသောလှိုင်းခတ်သံတို့ဖြင့် သောင်ပြင်ဟာတိတ်ဆိတ်ငြိမ်သက်နေသော်လည်း လူတစ်ယောက်ရင်ထဲတွင်တော့အပူမီးဝိုင်းနေလေသည်။ဘာစိတ်ခံစားချက်မှမရှိသည့်လူတစ်ယောက်၏အပေါ်တွင် ဘာမှန်းမသိထွက်ပေါ်လာသည့်ဒေါသတွေဟာ ထိန်းချုပ်ဖို့အရမ်းခက်နေသည်။သောင်ပြင်တွင်လမ်းလျှောက်နေသော လူနှစ်ယောက်ကိုကြည့်နေရင်းနဲ့ ကောင်းစိတ်ထဲတွင် တောက်ခေါက်မိတာအကြိမ်ကြိမ်ပင်။ရယ်မောသံတွေနှင့်ပြုံးနေကြသောလူနှစ်ယောက်ကတော့ ကောင်းရှိနေသည်ဆိုတာတောင်သိမည်မဟုတ်ပါ။လူတစ်ယောက်ကိုတွဲချင်ပါတယ်ဆိုပြီး အခုကျတော့တခြားတစ်ယောက်နှင့် တပူးပူးတတွဲတွဲဖြစ်နေသည်မှာ ကောင်းအတွက်တော့ရင်ခံစရာပါ။

ထိုလူ့ခံစားချက်တွေကအပေါစားများဆန်နေသလား။အခုတမျိုး တော်ကြာတမျိုး၊အမျိုးမျိုးသောစကားတွေ ခံစားချက်တွေကြားမှာ လူဘယ်နှစ်ယောက်ကိုသူအရူးလုပ်နေအုံးမှာလဲ။

"အစ်ကို"

ခေါ်သံနှင့်အတူ အနားရောက်လာသောဒါလီထွန်းကြောင့် တွေးလက်စအတွေးတို့မှာပျက်ပြယ်သွားရသည်။

"အစ်ကို ဒီမှာတစ်ယောက်တည်းဘာလုပ်နေတာလဲ"

"လေညှင်းခံနေတာ"

"ကျွန်မရော ဒီအနားမှာလေညှင်းခံလို့ရမလား"

"ဒါအများပိုင်တဲ့နေရာ‌ပဲ မဒါလီသဘောပါ"

"အစ်ကိုရယ် ကျွန်မကအစ်ကို့ထက်ငယ်ပါတယ် အစ်မ,အစ်မဆိုပြီးခေါ်ရတာထောက်မနေဘူးလား"

"အဆင်ပြေပါတယ်"

စကားဖြင့်တုံ့ပြန်မနေတော့ပဲ ပြုံးပဲပြုံးနေလိုက်၏။ထိုအမျိုးသားကတော့ ဒါလီပြုံးတာမပြုံးတာကို အရေးတယူလှည့်ကြည့်နေမှာတော့မဟုတ်ပါ။အတွေးဂယက်ထဲမှာရစ်ဝဲနေပုံရသည်။

ဦးကဟာသတွေပြောနေသော်လည်း ယခုတွင်မူမရယ်နိုင်တော့ပါ။အကြောင်းကား သောင်ပြင်ပေါ်တွင် ဘေးချင်းယှဉ်ကာမတ်တပ်ရပ်နေသူနှစ်ဦးကြောင့်ဖြစ်သည်။လေကောင်းလေသန့်ရှူတာတောင် စုံတွဲလိုက်ပါလားဟုစဥ်းစားမိတော့လည်း အခုခေတ်လူငယ်တွေကတော်တော်ရိုမန့်တစ်ဆန်ပါလားဟုမဆီမဆန်တွေးလိုက်မိပြန်သည်။ချစ်တဲ့အဆင့်အထိတောင်မရောက်သေးဘဲ သူတို့ကိုကြည့်နေရင်းနဲ့ ရင်ထဲမှာတော်တော်ကိုပူလာရသည်။အချစ်ကပူလောင်တယ်လို့ကြားဖူးသော်လည်း ကိုယ်ကချစ်နေတာလဲမဟုတ်။

Kiss me more [ on going ]Where stories live. Discover now