ရုံးပိတ်ရက်နှင့်ချိန်ဆပြီးမှလုပ်ဖြစ်သော ပိုင်ပိုင့်၏ဂုဏ်ပြုပွဲသည် ရပ်ကွက်ထဲမှလူနဲ့တင်စည်ကားနေလေသည်။ဒေါ်ခင်ဦး၏ဖောက်သည်များလည်းလာကြပြီး တချို့ဆိုပိုင်ပိုင့်ကိုမုန့်ဖိုးတွေပါပေးကြ၏။ထိုထဲတွင်သားကြီး၏သူဌေးဆိုသူ သူဌေးငယ်ငယ်ချောချောလေးလည်း ပိုင်ပိုင့်ကိုလာပြီးဂုဏ်ပြုပေးသည်။လက်ဆောင်အိတ်လေးလည်းယူလာပေး၏။
"သူဌေးလေးရယ် ဒါမျိုးတွေမလိုပါဘူး၊လူကိုယ်တိုင်လာပြီးဂုဏ်ပြုပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီရှင်"
"အခုလိုစာကြိုးစားတဲ့ကလေးတွေကို ကျွန်တော်ကတကယ်သဘောကျလို့ သူတို့ရဲ့ကြိုးစားမှုရလဒ်အနေနဲ့ ကျွန်တော်ကလက်ဆောင်ပေးတာပါအန်တီ"
သူဌေးငယ်လေးက ရုပ်ရည်လည်းချောမောခန့်ညားသလို ပညာဂုဏ်ရော စည်းစိမ်ဂုဏ်ရော အားလုံးနှင့်ပြည့်စုံတဲ့သူမှန်း ကြည့်တာနှင့်တန်းသိနိုင်သည်။စကားပြောတာကအစ နူးညံ့ညင်သာပြီး လူကြီးလူကောင်းဆန်သည်။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်သူဌေးလေးရယ်"
"ကျွန်တော့်နာမည်ကနှစ်ချို့ပါအန်တီ သူဌေးလို့မခေါ်ပါနဲ့လား"
"ဟုတ်ကဲ့ပါ မောင်နှစ်ချို့"
"ဪ ဒါနဲ့ … ကောင်းဇေသန့်ရောဟင်"
"ရှိတယ် မောင်နှစ်ချို့ … အန်တီခေါ်ပေးမယ် ခနနော်"
ကောင်း၏အမေကကောင်းကိုခေါ်ပေးပြီး နှစ်ချို့အားနှုတ်ဆက်ကာ တခြားဧည့်သည်များဆီသို့ထွက်သွား၏။
"လက်ဆောင်တွေယူလာတယ်ဆို"
"ဖုန်းပါ … ကို့ညီအတွက်လေ"
"ဘာလို့ဝယ်လာတာလဲ အားနာစရာကောင်းအောင်၊ကျွန်တော်လည်းဝယ်ပေးမလို့လုပ်ထားတာ"
"ဘာကိုအားနာစရာကြီးလဲ၊ကို့ညီက အနှစ်ညီပဲပေါ့ ကိုဝယ်ပေးချင်ရင်အခြားပစ္စည်းတစ်ခုခုဝယ်ပေးလိုက်"
"အခုမှတော့အဲ့လိုပဲလုပ်ရတော့မှာပေါ့၊ပြီးတော့ ကျေးဇူးတင်ပါတယ်"
"ဘာအတွက် …"
"လက်ဆောင်အတွက်ရော ညီလေးကိုလာပြီးဂုဏ်ပြုပေးတဲ့အတွက်ရော"
YOU ARE READING
Kiss me more [ on going ]