Episode - 6 . Unicode

443 37 3
                                    

A few months later >>>

လအနည်းငယ်ကြာပြီးနောက် ကောင်းနဲ့နှစ်ချို့၏ဆက်ဆံရေးလည်း အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးမကတော့ပေ။ညီအစ်လို မိတ်ဆွေလိုမျိုး ရင်နှီးလာကြသည်။ဒီလိုရင်းနှီးခွင့်ရဖို့လည်း နှစ်ချို့ဘက်ကအများကြီးကြိုးစားခဲ့ရသည်။ဒါတောင်ကိုယ့်ဘက်ကသာ မိတ်ဆွေလိုခင်နေပြီလို့ပြောတာ သူ့ဘက်ကအခုထိလုံးဝခင်တယ်ဆိုရုံလေး၊မဖြစ်မနေခင်ပြနေရတဲ့ပုံစံမျိုးလို။

"ကောင်း"

"ဟင်!"

နှစ်ချို့ရုံးခန်းထဲတွင်စာရင်းကူစစ်ပေးနေရသောကောင်းအား နှစ်ချို့ခေါ်လိုက်တော့ လူကိုမော့မကြည့်ဘဲထူးလာသည်။ဘော်ဒီဂတ်ဆိုပေမဲ့ နှစ်ချို့အပြင်မသွားရင်သူတို့သုံးယောက်မှာ အထူးတလည်အလုပ်မရှိသောကြောင့် ကောင်းကိုစာရင်းတွေအမြဲကူစစ်ခိုင်းရသည်။ကျန်တဲ့နှစ်ယောက်ကတော့ သူတို့ရုံးခန်းထဲမှာပဲနေ၍ နီးစပ်ရာအမြင်မတော်တဲ့အလုပ်တွေကိုတော့ ခိုင်းစရာမလိုဘဲအလိုက်တသိလုပ်ပေးကြသည်။

"အနှစ် ဒီနေ့ညဘားသွားချင်တယ်"

အနှစ် … ဒီနာမည်ကိုကောင်းကသူ့ကိုပေးခဲ့ခြင်းဖြစ်သည်။ဘော့စ်လို့ခေါ်တာလဲမကြိုက်ဘူး၊ ကိုနှစ်ချို့ဆိုတာလည်းမကြိုက်တာမို့၊ ဘယ်သူနဲ့မှမတူအောင်ကောင်းတာလေးရွေးပြီး ခေါ်ပါလို့ဂျီကျသဖြင့် စဉ်းစားလိုက်အုံးမယ်ဟုဆိုကာ အနှစ်ဆိုတဲ့နာမ်စားလေးအခေါ်ခံလာရခြင်းဖြစ်၏။ဒီနာမ်စားလေးကျမှ တစ်ဦးပိုင်နာမ်စားလေးမို့ လှလှမလှလှ ကိုယ့်လိုယောက်ျားတစ်ယောက်အတွက်လိုက်လိုက်မလိုက်လိုက် နှစ်ချို့သဘောကျခဲ့သည်။

"အင်း! ဘာဖြစ်လို့လဲ သွားလေ"

"ကောင်းလိုက်မပို့ဘူးလား"

ထိုအခါမှ လက်ထဲကဘောပင်ကိုချကာ ဘေးတွင်မတ်တပ်ရပ်နေသောအနှစ်အား မော့ကြည့်လာခဲ့သည်။

"ကျွန်တော်တို့သဘောတူညီမှုယူပြီးသားလေ၊ ကျွန်တော်က night duty မပါဘူးမဟုတ်လား"

"ဘော်ဒီဂတ်အနေနဲ့ခေါ်နေတာမဟုတ်ဘူး ဒီတိုင်းလိုက်ပို့ခိုင်းတာလေ မပို့ချင်ဘူးလား"

Kiss me more [ on going ]Where stories live. Discover now