အင်တာဗျူးဖို့သွားရမှာမို့ ကားပိတ်တာ မီးပွိုင့်မိတာမျိုးကြောင့် နောက်မကျချင်လို့ ချိန်းထားတဲ့အချိန်ထက်စောအောင် အိမ်ကစောထွက်လာကာမှ ကားကပျက်ရတယ်လို့။အင်တာဗျူးလာတဲ့သူတွေက ကားပိတ်တာဘာညာဆင်ခြေမပေးရဘဲ ဗျူးရမဲ့ကိုယ်ကဆင်ခြေပြန်ပေးရမလိုဖြစ်နေပြီ။
"ကားကဘာဖြစ်နေတာလဲ"
ထိုစဉ် ကားနားကို လူတစ်ယောက်ရောက်လာပြီး မေးလေ၏။
"မောင်းနေရင်းဘာဖြစ်သွားလဲမသိပါဘူး ဆီလဲရှိတယ် စက်ကဖြစ်တာလားမသိဘူး"
"ကျွန်တော်ကြည့်ပေးရမလား ကျွန်တော်ကဝပ်ရှော့မှာအလုပ်လုပ်တာ"
"ဟို .. ဒါဆိုပိုအဆင်ပြေသွားတာပေါ့ ကူညီပေးလို့ကျေးဇူးပါ"
"ဟုတ်ကဲ့ ရပါတယ်"
ထိုကောင်လေးပုံစံကြည့်ရတာ စိတ်ထားကောင်းပုံရသည်ဟုထင်ရသော်လည်း ဝပ်ရှော့မှာအလုပ်လုပ်တာမို့ ကူညီရင်းကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို ကားပြင်ပေးတာလားလဲမသိ။ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ်ဒုက္ခရောက်နေချိန် ကူညီပေးတာကိုပဲကျေးဇူးတင်ရမည်။
ကားကိုထားခဲ့ပြီး သုခကိုကားတစ်စီးလွှတ်လိုက်ဖို့ပြောလို့ရပေမဲ့ ကားပြင်ပေးနေတဲ့ကောင်လေးကိုတစ်ယောက်တည်းထားခဲ့ဖို့ကျတော့ နှစ်ချို့အားနာမိသည်။ဘယ်အချိန်တုန်းက လူတွေအပေါ်အခုလို အားနာတတ်သွားသလဲတော့ ကိုယ်တိုင်တောင်မသိချေ။ကားပြင်ပေးနေတဲ့လူကို ကောင်လေးလို့သာသုံးလိုက်ပေမဲ့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွားကြီးကိုကြည့်ရင်တော့ အစ်ကိုကြီးလို့ခေါ်ရမည့်ပုံစံ။သို့သော် ကိုယ့်အတွေ့အကြုံအရ သူ့ဘာသာဘယ်လောက်ထွားနေပါစေ ကိုယ့်ထက်ငယ်တယ်ဆိုတာကို တစ်ထစ်ချသိသည်။
"ပြီးပြီဗျ စက်နှိုးကြည့်ပါအုံး"
"ဪ … ပြီးသွားပြီလား"
ကောင်ငယ်လေးကခေါင်းညှိတ်ပြပြီးသည်နှင့် နှစ်ချို့ကားထဲဝင်ကာ စက်နှိုးကြည့်လိုက်တော့ စက်သံကပုံမှန်ဖြစ်နေပြီး ကောင်းသွားတာမို့ ထိုလူငယ်လေးကိုစိတ်ထဲကနေကျေးဇူးတင်လိုက်မိသည်။ထို့နောက် နှစ်ချို့ကားထဲမှပြန်ထွက်လိုက်ပြီး ကားစက်ဖုံးပိတ်နေသော ကောင်လေးအနားသို့သွားလိုက်ပြီး စိတ်ထဲကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားဆိုလိုက်သည်။
YOU ARE READING
Kiss me more [ on going ]