Episode - 19 - Unicode

335 22 0
                                    

မနက်စောစောထကာ နှင်းဆီပန်းတွေဝိုင်းကူ၍ခူးပေးနေသောသားကြီးကိုကြည့်ရတာ စိတ်ချမ်းသာနေသလိုလို၊ပျော်စရာကိစ္စကြီးတစ်ခုခုနဲ့ကြုံလာရသလိုလို ဒီကောင်လေးဘာတွေဖြစ်နေသလဲမသိပါဘူး။ရည်းစားရနေပြီလားလဲမသိပါဘူး။

"ကိုကြီး ဧည့်သည်လာတယ်ဗျို့"

"မေဦး သားသွားတွေ့လိုက်အုံးမယ်"

"အေးအေး သွားသွား"

အိမ်ကိုလာလည်တတ်တာဆိုလို့ ဒါလီထွန်းပဲရှိတာဖြစ်သည်။လာတိုင်းလည်းကိစ္စရေရေရာရာမရှိဘဲရောက်လာတတ်တာမျိုးဖြစ်သည်။အခုတစ်ခေါက်ရောဘာကိစ္စနဲ့လာပြန်ပြီလဲ။

အိမ်ထဲဝင်လိုက်တာနှင့်ဧည့်ခန်းတွင်ထိုင်နေသော ဒါလီထွန်းအားတွေ့လိုက်ရသည်။ဗေဒင်မေးနေရင်တောင်ပိုက်ဆံကုန်ပါဦးမည်။

"ပန်းလာယူတာလားမဒါလီ"

"မဟုတ်ပါဘူး ပန်းကဟိုတစ်ရက်ကမှယူထားတာလေ၊အခုက ကိုကို့ကိုဘုရားလိုက်ပို့ခိုင်းမလို့"

"ကိုကိုလို့မခေါ်ပါနဲ့ဆိုဗျာ"

ကောင်းစိတ်ညစ်ညစ်နဲ့ ခေါင်းထဲလက်တစ်ဖက်ထည့်ဖွပစ်ရင်းပြောလိုက်သည်။သူမကပြုံးရင်း 'ဟုတ်ပါပြီရှင်' ဟူ၍ပြန်ပြောကာ မေဦးရှိရာပန်းခင်းထဲသို့ထထွက်သွား၏။ကိုယ့်ဘက်ကသူနဲ့အတူအဖော်လိုက်ပေးပါ့မယ်လို့ မပြောရသေးခင် သူမကကောင်း'အဝတ်အစားလဲခြင်းကိုပန်းခင်းထဲမှာမေဦးနဲ့စကားပြောရင်း စောင့်နေတာဖြစ်၏။ငြင်းချိန်တောင်မရလိုက်ပါဘူး။

"အန်တီဦးရေ…"

"သမီးယုယ အန်တီဦးကပန်းခင်းထဲမှာ"

"ဟုတ်ဟုတ် လာပြီ"

အန်တီဦးအသံကြားရာပန်းခင်းထဲသို့ သွားမလို့အိမ်နားကဖြတ်လာလိုက်လျှင် လှေကားထိပ်မှာရပ်နေတဲ့ကောင်းနှင့်ဆုံ၏။

"ဟဲ့ အရူးမ"

"ဘာအရူးမလဲ ကောင်စုတ်!"

"ငါ့ကိုတစ်ခုလောက်ကူညီပါအုံး"

"ဘာလဲ"

"ဟိုတစ်ခါဘုရားမှာတွေ့ဖူးတဲ့အမျိုးသမီးရောက်နေတယ် ငါ့ကိုတစ်နေရာကိုပထုတ်သွားစမ်းပါဟာ၊ငါ့ကိုဘုရားသွားဖို့ခေါ်နေတာ ငါမလိုက်ချင်လို့"

Kiss me more [ on going ]Where stories live. Discover now