Episode - 10 . Unicode

429 31 2
                                    

မနေ့ကဘယ်လိုသတ္တိမျိုး၊ ဘယ်လိုမျက်နှာမျိုးနဲ့ ကောင်းကိုတွဲဖို့ပြောလိုက်မိသလဲမသိပေမဲ့ အခုတော့ကုပ္မဏီသွားဖို့တောင် ကိုယ့်မှာခက်ခဲနေပြီဖြစ်သည်။တစ်ဖက်ကဘယ်လိုတွေးနေမလဲမသိပေမဲ့ ဒီမှာတော့သူနဲ့မျက်နှာချင်းဆိုင်ဖို့တောင် မဝံ့မရဲဖြစ်နေလေပြီ။မနေ့ကကောင်းဇေသန့်ပြန်သွားပြီးနောက် ရေချိုးခန်းထဲအမြန်ဝင်ကာ ရေချိုးဇလုံထဲတွင်တစ်နာရီကျော်ကျော်လောက် ရေစိမ်နေလိုက်ရသည်။အကြောင်းမှာ မျက်နှာပြောင်နဲ့ဖွင့်ပြောလိုက်ပြီးမှ အငြင်းခံလိုက်ရ၍လား၊ အရှက်မရှိဖွင့်ပြောလိုက်ပြီးမှ ရှက်ဖို့သတိရသွား၍လား ။ထိုအထဲမှအကြောင်းအရာတစ်ခုကြောင့်တော့ဟုတ်လိမ့်မည်။

Buzz ~

"ဟယ်လို"

"သူဌေး ... ကောင်းဇေသန့်ထွက်စာလာတင်သွားတယ်"

"ဘယ်လို!"

"ထွက်စာကိုအတည်ပြုမပြုဆိုတာ အကြောင်းပြန်ကြားမယ်လို့ပြောလိုက်တယ်သူဌေး"

"‌သူအခုပြန်သွားပြီလား"

"သူပြန်တာနဲ့ကျွန်တော်ဖုန်းခေါ်လိုက်တာပဲသူဌေး"

"အင်း! ငါလဲအခုလာပြီ"

"ဟုတ်ကဲ့"

သုခပြောပြောချင်းပဲ မရှိတဲ့သွေးတိုးရောဂါကတောင်အရှိန်ဖြင့်ဆောင့်တတ်လာသလိုလို။ဒီကောင်က သူ့ကိုဖွင့်ပြောလိုက်တာနဲ့တင်အလုပ်ထွက်မဲ့အထိပါဖြစ်သွားတာလား။ယောက်ျားလေးချင်းဖွင့်ပြောခံလိုက်ရတာကိုများရှက်သွားတာလား။ရှက်ရကြေးဆိုကိုယ်ကလည်းကိုယ့်ဘက်ကဖွင့်ပြောတာဒါပထမဦးဆုံးပဲလေ၊ဒါဆိုကိုယ်ကရောမရှက်ရတော့ဘူးလား။သူများတွေရဲ့ချစ်ရေးဆိုသံတွေကိုပဲထိုင်နားထောင်လာခဲ့တဲ့ကိုယ့်လိုလူမျိုးက သူ့ကိုစပြီးဖွင့်ပြောမိတယ်ဆိုတာက ချစ်လို့ကြိုက်လို့ဆိုတာမျိုးကြောင့်မဟုတ်ဘဲ သူ့ရဲ့တည်ကြည်လေးနက်မှု၊ခန့်ညားမှု၊‌တိကျပြတ်သားမှု၊ရုပ်ရည်ချောမောမှု၊စမတ်ကျမှုတွေကြောင့်ပဲဖြစ်လိမ့်မည်။

အလုပ်ထွက်စာကိုဘယ်လိုဆုံးဖြတ်ရမလဲမသိသေးပေမဲ့ လောလောဆယ်တော့ကုပ္မဏီကိုသွားဖို့ မချင့်မရဲဖြစ်နေတာတွေတော့မရှိတော့ပေ။အစကတော့သူရှိနေမယ်ထင်လို့မသွားချင်တာ၊အခုတော့ သူကအလုပ်မလာတာမို့ အဆင်တော့ပြေသွား၏။

Kiss me more [ on going ]Where stories live. Discover now