Episode - 20 . Unicode

359 23 1
                                    

"ဖြူပြာရေ"

"ရှင် … တီတီကြီး"

"ခဏလာပါအုံး"

"ဟုတ်ကဲ့"

ဒေါ်သီတာအောင်အပြင်ကပြန်လာတာနှင့် ခါတိုင်းလို ခြံထဲမှာလက်ပ်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေတတ်သော သားကိုမတွေ့ရသဖြင့် ဖြူပြာကိုခေါ်လိုက်ရခြင်းဖြစ်သည်။

"တီတီကြီးဘာခိုင်းစရာရှိလို့လဲဟင်"

"မခိုင်းပါဘူး၊ သားရောဘယ်သွားလဲ ခြံထဲမှာမတွေ့လို့လေ"

"အစ်ကိုလေးကကုပ္မဏီမှာအရေးကြီးကိစ္စရှိလို့ဆိုပြီးပြောသွားပါတယ်"

"ဪ … အိမ်ကကားယူသွားတာလား သူ့ကားကဟိုမှာရပ်ထားတာလားလို့"

"သူ့ဘော်ဒီဂတ်တွေလာကြိုသွားတာတီတီကြီး"

"ဪ … အေးအေး ရပြီသွားတော့"

"ဟုတ်ကဲ့"

သားလေးတောင်ဘော်ဒီဂတ်တွေထားနေရပြီပေါ့လေ။သူယောက်ျားလေးတွေနဲ့ဒိတ်နေတာတွေကိုကြားသော်လည်း တစ်ခါမှတော့ခေါ်ပြီးသတိမပေးဖြစ်ပေ။သူလည်းမငယ်တော့ဘူး။ကိုယ့်အပေါ်တကယ်ကောင်းတာလား၊တစ်ခုခုကြောင့်ကပ်နေတာလား ဆိုတာသူလည်းခွဲခြားတတ်မှာပါ။ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်သားအတွက်အဆင်ပြေရင်ရပါပြီ။သားကိုစိတ်ပျော်ရွှင်စေမဲ့သူ၊သားအပေါ်မေတ္တာအစစ်တွေပေးမဲ့သူနှင့်သာ ဆုံစေချင်ပါသည်။

မိဘတွေရဲ့အိမ်ထောင်ရေးကြောင့်စိတ်ဒဏ်ရာရခဲ့တဲ့သားလေးကို သူ့အချစ်ရေးကိစ္စကြောင့်ထပ်ပြီးစိတ်ဒဏ်ရာမရစေချင်တော့ပေ။သူဂေးတာကိုလည်းခါးခါးသီးသီးမငြင်းရက်ပေ။မိဘတွေကသူ့အပေါ်မှာစိတ်ဒဏ်ရာပေးခဲ့မိတဲ့အတွက် သူ့အချစ်ရေးမှာလည်းထပ်ပြီးဒုက္ခမပေးချင်။သားသမီးကိုလည်း သူတို့အချစ်ရေးမှာစိတ်ချမ်းသာစေချင်တာပဲရှိတာပါဆိုတဲ့ စိတ်ကလေးကိုဖယ်လိုက်ရင်တော့ ဂေးနေတာကိုပျော်ပျော်ကြီးလက်ခံလိုက်ရတဲ့မိဘဆိုတာရှိမှာမဟုတ်ပေ။သို့သော်အတ္တကင်းကင်းနဲ့ပဲ သူလည်းပျော်ရရင် မိဘတွေလည်းပျော်ရမှာပါပဲ။

နှစ်ချို့အိမ်ပြန်ရောက်တာနှင့် အမေကအပြုံးချိုချိုနှင့် ဆီးကြိုနေလေသည်။ဘယ်တော့မှဖြစ်သလို‌မနေတတ်တဲ့အမေက အိမ်နေရင်းတောင်မှ လုံချည်နှင့်အင်္ကျီကိုလိုက်ဖက်စွာဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သပ်ရပ်စွာစည်းနှောင်ထားလေ၏။မျက်နှာလေးမှာလည်း ပကတိဖြူစင်သန့်ရှင်းနေလေသည်။

Kiss me more [ on going ]Where stories live. Discover now