Episode - 18 . Unicode

350 27 2
                                    

တင်းတောင် ~

"ကောင်း! တံခါးလေးဖွင့်ပေးပါအုံး"

"ဘာဗျ"

"တံခါးဖွင့်ပေးလိုက်အုံးလို့"

"ဖွင့်လို့ရရင်ဝင်လာလိမ့်မယ် မရရင်အပြင်မှာပဲနေလိမ့်မယ်"

တံခါးက password နဲ့ဆိုတော့ဘယ်သူကဖွင့်တတ်မှာတဲ့လဲ၊သူ့ကိုသာနံပါတ်ပြောပြထားလို့လေ။သူများကဒီအတိုင်းဝင်လာတတ်မှာတဲ့လား။နေမကောင်းတဲ့သူကိုတစ်ယောက်တည်းထားခဲ့ပြီး ပြန်မယ်လုပ်နေလို့ တခြားသူကိုအနားမှာရှိနေပေးဖို့ခေါ်လိုက်တာ ဘာဖြစ်လဲ။အဲ့ဒီလိုတွေမကြိုက်ရင် အနားမှာနေပေးပေါ့။နေမကောင်းလို့လည်း အဲ့လောက်ထိသူ့ကိုလိုအပ်နေတာ၊ဒါကိုနားမလည်ဘူး။

ပုံမှန်အချိန်ဆို သူပြန်ချင်တဲ့အကြောင်းကိုနားလည်နေတာပဲ။အခုလည်းသူ့အမေကိုပြောလိုက်တော့ သူ့အမေကလက်ခံနေတာပဲမဟုတ်လား။စောစောစီးစီးအကျိုးအကြောင်းပြောပြပြီး ခွင့်တောင်းလိုက်ရင် နှစ်ချို့လည်းကိုကို့ကိုခေါ်နေစရာအကြောင်းမရှိဘူး။သူပြန်မယ်ဆိုကာမှ ကိုကို့ကိုလှမ်းခေါ်လိုက်တာပဲ၊အဲ့အခါမှပဲ သူ့အမေဆီကိုခွင့်လှမ်းတောင်းတော့တယ်။အဲ့ကျတော့ ကိုကိုကစိတ်ပူနေပြီမို့ မလာနဲ့ပြောလို့လဲမရတော့ဘူး။

အဲ့လိုရမလား သူများနဲ့အတူရှိနေမယ်ဆိုကာမှ ဇွတ်ဖြစ်ပြနေတာ။အစကတည်းကသူမကောင်းတာ။

"ဒါဆို ကိုယ်ပဲသွားဖွင့်ပေးလိုက်မယ်၊အပြင်မှာစောင့်ခိုင်းနေရတာအားနာစရာ…"

"သွားဖွင့်ပေးမယ် ဟုတ်ပြီလား၊အဲ့ဒီပေါ်မှာငြိမ်ငြိမ်လေးထိုင်နေ အိုခေ!"

သူကရွဲ့ပြောတော့ နှစ်ချို့လည်းခေါင်းညိမ့်ပြပြီး လက်မနဲ့ဘက်ညှိုးကိုကွေး၍အိုခေပုံစံပြန်လုပ်ပြလိုက်သည်။ကိုယ်ကသူ့ထက်ပိုတယ်ဆိုတာများ မေ့နေလေသလား။ဟွန်း!

"ပေါက်စ!"

တံခါးဖွင့်ဖွင့်ချင်း နာမည်ခေါ်ရင်းရောက်ချလာသည့်ကိုကိုက မျက်နှာမှာစိုးရိမ်မှုတွေအရမ်းပေါ်လွင်နေသည်။နှစ်ချို့ ကုတင်ပေါ်ကနေထိုင်နေရင်း ပြုံးပြပြီးနှုတ်ဆက်လိုက်သည်။

Kiss me more [ on going ]Where stories live. Discover now