We were in the backseat

608 52 0
                                    


"နည်းနည်းလောက် ဘေးဖယ်စမ်းပါ။"
အနက်ရောင်ဝတ်စုံပြည့်နဲ့လူက စိတ်ရှုပ်စွာနဲ့ ဘေးနား ကောင်မလေးကို ဖယ်ခိုင်းတယ်။

ထိုလူမျက်မှောင်ကြုံနေတဲ့ပုံကို ကြည့်ပြီး
ဘားပိုင်ရှင်က အဲ့ဒီလူကို မေးတယ်။

"မင်း ဒီနေ့ စိတ်မကြည်ဘူးလား"

ထိုလူက ဘာမှ ပြန်မဖြေတော့ပဲ အခန်းအပြင်ဘက် ထထွက်သွားတယ်။

အခန်းအပြင်ဘက်ရောက်တော့ အရင်နေ့က သူအရက်သောက်နေတုန်း သူနဲ့ လာငြိ
ထားတဲ့ကောင်တွေက အုပ်စုလိုက်လာစောင့်နေတာကို မြင်လိုက်ရတယ်။ သူကတော့ ရန်ဖြစ်ဖို့ စိတ်မပါတာမလို့ ခပ်တည်တည်ပဲ ဖြတ်လျှောက်ဖို့ ကြံတယ်။

"​ ဂျေ.. မင်း ငါတို့ကို ဒီလို
မသိချင်ယောင်ဆောင်မယ်ပေါ့?"

ထိုလူက ပြန်လှည့်မကြည့်ပဲ လမ်းလျှောက်ပြီး တံခါးပေါက်ဝဆီကို ဦးတည်တယ်။
နာမည်ကြီးတဲ့ဘားမလို့ ထွက်ပေါက်ကို
မရောက်ခင်ထိတော့ လူတွေ အများကြီးကြားကို ဖြတ်ရဦးမှာ။ မီးရောင်တွေ တလက်လက်နဲ့
လူတွေ အများကြီးကို မြင်နေရတာ သူ့အတွက်က စိတ်ရှုပ်စရာပဲ။ လောကကြီးက
ဘာတွေများပျော်စရာကောင်းနေလို့ ဒီလိုမျိုး ရယ်ပြီး အရက်သောက်နေနိုင်ကြရတာလဲ။

ထိုအချိန်မှာပဲ တစ်ဖက်လူက သူ့ကို စပြီး ထိုးလာတာမလို့ သူက ခုခံဖို့ ပြင်ရတယ်။
အဲ့ဒီဘက်ကလူတွေက အုပ်စုနဲ့ လာတာမလို့ တစ်ယောက်ထဲ ဖြစ်နေတဲ့ သူ့အတွက်တော့ ဆက်သာသည်းခံနေရင် ဒဏ်ရာဗလပွနဲ့ ဖြစ်တော့မယ်မှန်း သိသာနေတယ်။ အဲ့တာကြောင့်မလို့ မြန်မြန် လက်စသတ်ပြီး ပြေးဖို့ကြံတယ်။

ဘားထဲကနေ ပြေးထွက်လာရင်းနဲ့
သူ့ဆိုင်ကယ်ပေါ်တက်ပြီး မောင်းထွက်လာတဲ့အထိ ဟိုကောင်တွေက နောက်ကနေ လိုက်လာနေတုန်း။ မတက်သာတဲ့အဆုံး သူက လမ်းကြားတစ်ခုထဲ ဝင်ပြီး သူ့ဆိုင်ကယ်ကို ရပ်ခဲ့ရတော့တယ်။ ဆိုင်ကယ်ကို ထားခဲ့ပြီး ပြေးနေတုန်း သူ့ကို မှီလာကြပြီး လာထိုးကြတာကြောင့် သူက ပြန်ထိုးပြီး ခုခံနေတုန်းမှာ သူတို့နားကို ကောင်လေးတစ်ယောက်ရောက်လာတယ်။

Cornelia Street Where stories live. Discover now