___________
နယူးယောက်ခ့် တစ်မြို့လုံးမှာ ဘယ်နေရာကို သဘောအကျဆုံးလဲ ဂျယ်နို။
"Manhattan"
__________
"ကျွန်တော် cornelia street မှာ အိမ်ငှားခဲ့တယ် ဂျယ်နို။ အလုပ်လည်း အခြေကျပြီမလို့ ဒီမှာပဲ နေဖြစ်တော့မယ်ထင်တယ်။"
_____________
လူတစ်ယောက်ရဲ့ဘဝမှာ အချစ်ဆိုတာကို
သုံးခါကြုံတွေရတယ်တဲ့။
ပြီးတော့ တတိယမြောက်အချစ်က ကိုယ်နဲ့အတူ တစ်ဘဝလုံးစာ ဖြတ်သန်းရမဲ့လူ ဖြစ်မှာလို့ ပြောကြသေးတယ်။မိုက်ရူးရဲဆန်တဲ့ ရူးနှမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့
အချစ်မျိုးကိုလည်း ကြုံတွေ့ရတဲ့လူ ရှိသလို၊
ငြိမ့်ငြိမ့်လေးနဲ့ ရင်ခုန်နေအောင်လုပ်တဲ့
အချစ်မျိုးကိုလည်း ကြုံတွေရတဲ့လူရှိတာပဲ။တစ်ယောက်ယောက်ကို စိတ်ထဲထည့်ထားမိပြီဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေကို လုပ်မိတာပါပဲ။
ဒါပေမဲ့ အချစ်ဆိုတာမျိုးတာ နှစ်ဦးနှစ်ဖက်ညီမျှနေမှ အလုပ်ဖြစ်တဲ့အရာမျိုးမဟုတ်လား။
နှစ်ဦးနှစ်ဖက်ညီမျှနေခဲ့ရင်တောင် ကံကြမ္မာက မျက်နှာသာမပေးခဲ့တဲ့ အချိန်တွေလည်း ရှိဦးမှာပါပဲ။ အဲ့ဒီအချိန်မှာ တစ်ယောက်ကို တစ်ယောက်မလွှတ်တမ်းဆွဲထားနိုင်ဖို့ကလည်း
လိုအပ်သေးတယ်။ရှင်းရှင်းပြောရရင်တော့ အချစ်ဆိုတာ
အဲ့ဒီလူရဲ့ မျက်နှာကို မြင်လိုက်တာနဲ့တင်
ပင်ပန်းသမျှ ပျောက်သွားတာမျိုးပေါ့။
အဲ့ဒီလူကြောင့်ပဲ အကုန်လုံးကို လုပ်ကြည့်ချင်လာတယ် ဆိုတာမျိုး။___________
I don't wanna think of anything else now that I thought of you.
______________
27th January 2023
YOU ARE READING
Cornelia Street
Roman d'amour| i get mystified by how this city screams your name | (Unicode only)