ဂျယ်မင်း နိုးလာတော့ ဂျယ်နိုက သူ့ဘေးမှာ အိပ်နေတာ။ ဂျယ်မင်းက ဂျယ်နို့ရင်ခွင်ထဲရောက်လို့။ဂျယ်မင်း နိုးလာပေမဲ့ ဂျယ်နိုကတော့ အိပ်ပျော်နေသလား နိုးနေသလားဆိုတာ သေချာမသိ။ ဂျယ်မင်း နည်းနည်း လှုပ်လိုက်တော့ ဂျယ်နိုက မျက်လုံးပွင့်လာတယ်။
"ဂျယ်မင်း... အဖျားကျပြီလား"
ပြောရင်းနဲ့ တစ်ဆက်ထဲမှာပဲ ဂျယ်နို့လက်က ဂျယ်မင်း နဖူးပေါ် ရောက်လာတယ်။
"အဖျားတော့ မရှိတော့ဘူးပဲ...ဆေးသောက်ထားလို့ဖြစ်မယ်"
"ခင်ဗျား...ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ"
ဂျယ်နို့ လက်မောင်းတွေ ကြားထဲမှာ ဂျယ်မင်းက ရောက်နေတာ။ ဂျယ်နို့လက်တွေက ဂျယ်မင်းကို
သိုင်းဖက်ထားတာ။ ဂျယ်မင်းက ဒီလိုအခြေအနေမှာ ဘာမှ သေချာမတွေးနိုင်ဘူး။ ခေါင်းထဲမှာ ဗလာကြီး။"မင်း ဖျားနေလို့...ကိုယ် စိတ်ပူသွားတာ"
"မဟုတ်ဘူး ကျွန်တော့်ကို ဘာလို့ ဖက်ထားတာလဲ
အရင်နေ့တွေကလည်း တစ်မျိုး၊ အခုကျတစ်မျိုးနဲ့...ဘာဖြစ်ချင်နေတာလဲ"ဂျယ်မင်းက ဂျယ်နို့ လက်တွေကြားထဲကနေ ရုန်းထွက်ပြီး ထထိုင်တယ်။ ဂျယ်မင်း ထိုင်လိုက်တော့ ဂျယ်နိုကလည်း လှဲနေရာက ထလာတယ်။
"ကိုယ် မင်းကို စိတ်ပူရုံပါ...ဖုန်းဆက်တာလည်း မကိုင်လို့၊ ကျောင်းလည်း မလာလို့....ကိုယ် စိတ်ပူလို့"
"ဘာလို့ စိတ်ပူတာလဲ ကျွန်တော်က ဘယ်လို
ဆက်ဆံရေးမလို့ စိတ်ပူစရာလိုတာလဲ"ဂျယ်မင်းက ဂျယ်နို့ကို ပြေးရိုက်ချင်တာပဲ။ ဒီလူက တုံးနေတာလား တုံးချင်ယောင်ဆောင်တာလား။ ဂျယ်မင်း သူ့ကို သဘောကျတယ်ဆိုတာ အသိအသာပေါ်လွင်နေခဲ့တာကို။
"မင်းက ကိုယ့်အရင်းနှီးဆုံးလူမလို့ ကိုယ်က....."
ဂျယ်နို စကားဆုံးအောင် မပြောလိုက်ရခင်
ဂျယ်မင်းက ဂျယ်နို့ကို နှုတ်ခမ်းပါးတွေကို သူ့နှုတ်ခမ်းတွေနဲ့ ထိကပ်လိုက်တယ်။တစ်ခဏပါပဲ။စက္ကန့်ပိုင်းလောက်။
တစ်စက္ကန့်..နှစ်စက္ကန့်လောက်ပဲကြာတဲ့အခိုက်အတန့်ဆိုပေမဲ့ ဂျယ်မင်းရော၊ ဂျယ်နိုရော စိတ်လှုပ်ရှားနေခဲ့တာ။အထူးသဖြင့် ဂျယ်မင်း...။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)