Jacket

298 36 0
                                    

ဂျယ်မင်း သေချာပေါက်ပြောရဲတာတစ်ခုက
ဂျယ်နိုက ဒီလိုနေရာမျိုးမှာ ဒီလိုပုံစံနဲ့ ဘယ်သူ့ကို ဘာမေးမေး လူတိုင်းက ခေါင်းငြိမ့်မှာပဲ။
ဂျယ်နိုကို့ ဒီတိုင်း ငြင်းနိုင်စွမ်းမရှိတာမျိုး..

ဂျယ်မင်းက ဘာမှတောင် သတိမထားလိုက်မိခင်မှာပဲ လက်ခံလိုက်မိပြီး ဂျယ်နို့ ဆိုင်ကယ်ပေါ် ပြန်ရောက်လာပြန်တယ်။ ဂျယ်နိုက ဘယ်ကိုသွားနေလဲဆိုတာ မသိရဘူး။
ဂျယ်မင်း ပတ်ဝန်းကျင်ကိုသတိထားကြည့်ပြီး သိရတာက ဂျယ်နိုက mahattan ဘက်ကို သွားနေတယ်ဆိုတာပဲ။ New York University နဲ့ mahattan က သိပ်ပြီး
မဝေးတာမလို့ ဂျယ်မင်းက ဘယ်နေရာသွားနေလည်းဆိုတာကို သိတာ။ တစ်ခြားနေရာသာဆိုရင်ဂျယ်နိုက ဆိုင်ကယ်ကို ဒီလို အရှိန်နဲ့မောင်းနေပုံနဲ့ဆို သူဘာမှသိမှာမဟုတ်ဘူး။

ခဏနေတော့ ဂျယ်နိုက ဆိုင်ကယ်ကို ရပ်လိုက်တယ်။ ဂျယ်မင်း ဆိုင်ကယ် ဦးထုပ်ချွတ်ပြီး ကြည့်လိုက်တော့ ဂျယ်နိုက Cornelia Street ကို မောင်းလာတာ။

"ကိုယ့်နောက်လိုက်ခဲ့"

ဂျယ်နိုက condominium တစ်ခုအပေါ်ကို တက်သွားတယ်။ ဂျယ်မင်းက ဘာမှမပြောပဲ ဂျယ်နို့နောက်ပဲ လိုက်သွားတယ်။

ဂျယ်နိုက ရှေ့ကနေဦးဆောင်ပြီး တိုက်ခန်းထဲဝင် သွားနေတာမလို့ ဂျယ်မင်းက လိုက်ဝင်သွားတယ်။

"ဒါ ကိုယ့်တိုက်ခန်း။ ကိုယ် အထက်တန်းကတည်းက ဒီမှာနေတာ"

"ခင်ဗျားကို ကျောင်းနားက တိုက်ခန်းတွေမှာပဲ နေတယ်ထင်တာ"

"အဲ့မှာလည်း နေတယ်။ မင်းတိုက်ခန်းနဲ့
တစ်လမ်းထဲမှာပဲ ကိုယ့်နေရာက"

"နှစ်နေရာ ခွဲနေတာလား?"

"အင်း အဲ့လိုပြောလို့ရတယ်.....
ထိုင်နေဦး ကိုယ် အင်္ကျီသွားယူပေးမယ်"

"အင်း"

ဂျယ်မင်းက ဧည့်ခန်းထဲမှာ ထိုင်နေရင်းနဲ့ TV ဘေးမှာ ရှိတဲ့ပုံကို ကြည့်မိတယ်။
ဂျယ်နိုတစ်ယောက်ထဲပုံပဲ ရှိတာ။ဂျယ်နို
ဆိုင်ကယ်ဘေးမှာ ရပ်နေတဲ့ပုံတစ်ပုံထဲ။

ဂျယ်မင်း ကြည့်နေတုန်း ဂျယ်နိုက ပြန်ရောက်လာတယ်။ ဂျယ်နို့တိုက်ခန်းက ကျယ်တဲ့ထဲပါတယ်။ အိပ်ခန်းချည်းပဲ လေးခန်းလောက်ရှိမဲ့ပုံပေါ်တယ်။ ဂျယ်နိုက အခန်းတစ်ခန်းထဲကနေ သူ့အင်္ကျီတွေကို ယူလာပြီး ဧည့်ခန်းထဲက စားပွဲခုံပေါ်ချတယ်။

Cornelia Street Where stories live. Discover now