" ပျော်နေပါတယ်ဆို မင်းကလည်း"
"အေးပါ ပျော်နေရင်ပြီးတာပဲ"
"မင်းရော..ပျော်နေတယ်မလား"
"ငါကတော့ ပျော်တာပေါ့..မင်ဟျောင်းက ငါ့ကို ဘယ်လောက်တောင် ချစ်လိုက်လဲ"
"အေးပါ..ကားတစ်စီးလုံး ပေးလိုက်တာနဲ့တင် သိသာနေပြီ..ရှယ်အမ်းနေတာပဲ"
ဟယ်ချန်းက ဂျယ်မင်းအဲ့လို ပြောတော့ ရယ်တယ်။
"ဒါနဲ့ မင်း ဘယ်သွားနေတာလဲ"
"ငါ့အိမ်အသစ်..မနက်ကတင် ပြောင်းလာတာ"
"ဟင်..ဘယ်နေရာမှာလဲ..မင်း တစ်ခုခု အဆင်မပြေတာရှိလို့လား"
"မရှိပါဘူး..မင်ဟျောင်းအိမ်ကို ပြောင်းနေတာ"
"ဘာကြီး.."
"အင်း..Cornelia Street က မင်ဟျောင်းအိမ်"
"သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ လီဟယ်ချန်းကတော့"
"ဒါပေါ့ အချစ်ခံရတယ်လေ"
ဟယ်ချန်း ကားရပ်လိုက်တော့ ဂျယ်နို့တိုက်ခန်းအောက်မှာဖြစ်နေတယ်။
"ဟင်..ဂျယ်နိုလည်း ဒီမှာနေတာ"
"ဒီအဆောက်အဦးကို မင်ဟျောင်း ပိုင်တာတဲ့"
"အင်းပေါ့လေ..ညီအစ်ကိုတွေဆိုတော့ တူတူနေတာ ဖြစ်နိုင်ပါတယ်"
ဂျယ်မင်းတွေးမိတဲ့အတိုင်းပါပဲ။ ဂျယ်နို့ရှေ့က တိုက်ခန်းမှာ ဟယ်ချန်းတို့ နေကြတာ။
ဒီအဆောက်အဦးတစ်ခုလုံးကို လီမင်ဟျောင်းပိုင်တာဆို တော်တော်ချမ်းသာတာပဲ သူ။.................
"မင်ဟျောင်း..နောက်လ လက်ထပ်ရမှာမလား"
"မင်းရောပဲလေ နောက်လ စေ့စပ်ရမှာ"
ဂျယ်နိုရော၊မင်ဟျောင်းရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်မိတယ်။
ဘယ်လိုလုပ်ရပါ့မလဲ။ ဂျယ်မင်းနီးကိုလည်း စိတ်ထိခိုက်အောင် မလုပ်ချင်။"ကိုယ်ကတော့ ငြင်းမှာ..အရင်ကတော့ သဘောကျတဲ့လူမရှိလို့ စေ့စပ်ခဲ့တာပေမဲ့ အခုတော့ သဘောကျရတဲ့လူရှိနေပြီမဟုတ်လား။ ကိုယ် သဘောမကျတဲ့လူကို လက်မထပ်ချင်ဘူး။"
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)