date

307 34 3
                                    

ဂျယ်မင်းနဲ့ ဂျယ်နို စျေးဝယ်ပြီး အိမ်ပြန်ရောက်လာတော့ ည ဆယ်နာရီကျော်နေပြီ။
ဂျယ်နိုက ပြန်ရောက်တာနဲ့ တန်းပြီး မီးဖိုချောင်ထဲ ဝင်သွားတယ်။

"ဂျယ်မင်း...ခဏစောင့်နော် ကိုယ်မြန်မြန်ချက်ပေးမယ်..လောလောဆယ် နွားနို့သောက်ထားလိုက်ဦး"

"အေးဆေးလုပ်ပါ ရတယ်"

"ရော့...နွားနို့"

ဂျယ်နိုက ဂျယ်မင်းကို နွားနို့ခွက်လာပေးတယ်။ ဂျယ်နိုက တကယ် ဂရုစိုက်တတ်တဲ့လူမျိုးပဲ။ အရင်ကတည်းက ဂျယ်မင်းကို ဒီလိုဆက်ဆံတာပေမဲ့ ဒီနေ့တော့ နည်းနည်း ထူးခြားနေသလိုပဲ။ ဂျယ်နိုက သူ့ကောင်လေး ဖြစ်လာလို့များလား။

ဂျယ်နို ဟင်းချက်နေတာကို ဂျယ်မင်းက ဘေးကနေ ထိုင်ကြည့်တယ်။

"ခဏလေးပဲစောင့်နော်..ရတော့မယ်"

"ကိစ္စမရှိဘူးလို့ ရတယ်"

"ကိုယ်ကတော့ မရတော့ဘူး ဗိုက်အရမ်းဆာနေပြီ"

"နွားနို့သောက်မလား"

ဂျယ်မင်းက ဂျယ်နို့ဘေးလာရပ်ပြီး နွားနို့ခွက်ကိုပေးတယ်။ ဂျယ်နိုက နွားနို့ခွက်ကို ကြည့်တောင် မကြည့်ပဲ ဂျယ်မင်းကို နမ်းလိုက်တယ်။

"ကိုယ်မင်းကို နမ်းချင်နေတာ တော်တော်ကြာနေပြီ"

"အင်..?"

ဂျယ်မင်းက ရှက်သွားတာမလို့ ဂျယ်နို့ကိုဘာမှပြန်မပြောတော့ဘူး။

"ကြောင်ပေါက်လေးကျနေတာပဲ..ကိုယ့်ရဲ့ဂျယ်မင်းနီးက"

"ဟင်းသာပြီးအောင် ချက်ပါလား ဗိုက်ဆာလှပြီ"

ဂျယ်မင်းက ပြောပြီးတာနဲ့ တစ်ပြိုင်နက် ဧည့်ခန်းထဲကို ထွက်ပြေးသွားတော့တယ်။ ဂျယ်နိုက ရယ်ရင်း ကျန်ခဲ့တယ်။

"စားလို့ရပြီ..ဒီကို ပြန်လာခဲ့"

ဂျယ်မင်းနဲ့ဂျယ်နို ညစာတူတူစားပြီးတော့ ဂျယ်မင်းက ပန်းကန်တွေ ဆေးဖို့လုပ်တယ်။ ဂျယ်နိုက ပေးမလုပ်တာမလို့ ဂျယ်မင်းက ထိုင်ပဲ စောင့်ရတော့တယ်။

"အိပ်ချင်ပြီလား"

"ဟင့်အင်း ခင်ဗျားရော"

Cornelia Street Where stories live. Discover now