ဂျယ်နိုက ဂျယ်မင်း ငိုက်နေတာကိုမြင်တော့
ဂျယ်မင်းကို ထိန်းထားပေးလိုက်တယ်။ သူပဲစိတ်ထင်တာလားတော့ မသိပေမဲ့ ဂျယ်မင်းက လူကြီးယောင်ဆောင်ထားတဲ့ကလေးလေးလိုပဲ။
ဂျယ်မင်း အိပ်ပျော်သွားတော့ ဂျယ်နိုက ဂျယ်မင်းကို ကုတင်ပေါ်မှာ သေချာနေရာချပေးပြီး projector ကိုပိတ်လိုက်တော့တယ်။အခုမှ နေ့ခင်း သုံးနာရီကျော်ကျော်ပဲရှိသေးတာမလို့ ဂျယ်မင်းက ညနေမဟုတ်ရင် ညဘက်လောက်မှ ပြန်နိုးလာတော့မယ်ထင်တယ်။
ဂျယ်နိုက အိပ်ပျော်နေတဲ့ ဂျယ်မင်းကို ဘေးကနေကြည့်ရင်းနဲ့ ဒီတစ်ယောက်ကို ဘဝထဲထည့်ထားလို့ ဖြစ်ပါ့မလား ဆိုတာမျိုးကို တွေးမိတယ်။ ဂျယ်နို့ဘဝထဲကို ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ခေါ်မသွင်းချင်ဘူး။ ဒါပေမဲ့ ဂျယ်မင်းကို မြင်တိုင်း သူ့ဘဝထဲကို ဆွဲထည့်မိလာတယ်။
အခုလည်း ဂျယ်မင်းနဲ့အတူတူ ကုတင်တစ်ခုထဲပေါ်မှာ လှဲနေမိပြန်ပြီ။ သူကတော့ အိပ်ပျော်
နေပေမဲ့ ဂျယ်နိုကတော့ မအိပ်ပျော်နိုင်ဘူး။
အဲ့တာနဲ့ပဲ ဂျယ်နိုက ထပြီး ရေချိုးလိုက်တယ်။
ရေပန်းအောက်မှာ အချိန်တော်တော်ကြာရပ်နေမိတာတောင်မှ ဒီကိစ္စအတွက်အဖြေရှာမရဘူး။
ဘယ်သူနဲ့ မပက်သက်ချင်တဲ့ ဂျယ်နိုက ဘာဖြစ်လို့ ဂျယ်မင်းကိုဆို ဒီလိုမျိုးဆက်ဆံမိနေတာလဲ။ ပြီးတော့ ဂျယ်မင်းက သူ့ကို ဂရုစိုက်ပေးတယ်လို့လည်း ခံစားရတယ်။ဂျယ်နို ရေချိုးခန်းထဲက ထွက်လာတော့ လေးနာရီဆယ့်ငါးရှိနေပြီ။ အဲ့ဒီအချိန်ထိ ဂျယ်မင်းက မနိုးသေးဘူး။ ငြိမ်ငြိမ်လေး အိပ်ပျော်နေတာ
မလို့ ပင်ပန်းနေတာ ထင်တယ်။ ဂျယ်နိုက အဝတ်လဲ ပြင်ဆင်ပြီးတော့ အိပ်ခန်းအပြင်ဘက်ထွက်သွားတယ်။ ဂျယ်မင်း နိုးလောက်မဲ့အချိန်က ညစာစားချိန်လောက်ဖြစ်မယ်လို့ ခန့်မှန်းမိတာကြောင့် ညစာအတွက် ဘာလုပ်ရမလဲလို့ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ပေမဲ့ ဘီယာဘူးတွေက လွဲပြီး ဘာမှ ရှိမနေ။
အဲ့တာနဲ့ ဂျယ်နိုလည်း အပြင်ထွက်ပြီး
စျေးဝယ်ရတော့တယ်။.......
ဂျယ်မင်း အိပ်ရာနိုးလာတော့ ငါးနာရီခွဲကျော်နေပြီ။ အခန်းထဲမှာတော့ ဘယ်သူမှ ရှိမနေဘူး။ ဂျယ်မင်းသောက်လက်စ hot chocolate ဘူးတောင်မှ ရှိမနေဘူး။
သူများ အခန်းထဲမှာ အိပ်ပျော်သွားတာမလို့
ဂျယ်မင်းက အားနာနာနဲ့ မြန်မြန်ကုတင်ပေါ်ကထတယ်။ ဒါမဲ့ အိပ်ခန်းအပြင်ထွက်ကြည့်တော့လည်း ဂျယ့်နိုကို မတွေ့ရဘူး။ ဆိုဖာပေါ်တင်ထားတဲ့ ဂျယ်မင်းရဲ့ အိတ်ပေါ်မှာတော့ လက်ရေးစာတစ်ခုကို တွေ့ရတယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)