"ဂျယ်နို ကျွန်တော့်က အရှေ့က တိုက်မှာနေတာ။ ဒီလောက်ဆို ရပါပြီ။ လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်။"
"ကိုယ်အထဲထိလိုက်ပို့ပေးမယ်လေ။ ကိုယ့်ကို အိမ်ထဲတောင် မခေါ်ချင်တော့ဘူးလား။"
"မဟုတ်ပါဘူး။ လိုက်ခဲ့လို့ ရတယ်။"
[As if the street lights pointing in an arrow heart leading
us home]အိမ်ထဲရောက်တော့မှ ဂျယ်မင်းက ဂျယ်နို့ကို သေချာမြင်ရတယ်။ ဂျယ်မင်းကတော့ တစ်ကိုယ်လုံး လုံလုံခြုံခြုံနဲ့ ပြန်ရောက်လာခဲ့ပေမဲ့ ဂျယ်နိုကတော့ တစ်ကိုယ်လုံး စိုရွဲလို့။
"ခင်ဗျား.. အင်္ကျီလဲချင်လား။"
"မင်း အင်္ကျီကို ကိုယ့်ကို ပေးဝတ်လို့ အဆင်ပြေလို့လား။"
"အင်း.. ပြေတယ်။ကျွန်တော် ယူပေးမယ်။
ခနစောင့်။"ဂျယ်မင်း အင်္ကျီထုတ်နေတုန်း ဂျယ်နိုက အခန်းထဲကို လှည့်ပတ်ကြည့်တယ်။တစ်ယောက်စာနေရာလေးဆိုပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်နေတာမလို့ ဂျယ်နိုက
ရှုပ်ပွနေတဲ့ သူ့အခန်းကိုတွေးမိပြီးတော့တောင် စိတ်ညစ်သွားသေးတယ်။"မင်းရဲ့ အခန်းက သပ်ရပ်လိုက်တာ။ ကိုယ့်ဟာနဲ့များ တစ်ခြားစီ။"
"ကျွန်တော့်ဟာလည်း ရှုပ်သင့်သလောက်ရှုပ်တာပဲ"
"ကိုယ့်အခန်းလောက်တော့ ရှုပ်မနေဘူးဟာကို။"
"အင်း။ ဒီမှာ အင်္ကျီ။ ခင်ဗျား လဲလိုက်လေ။"
"အင်း ဟုတ်ပြီ။"
ဂျယ်နို အင်္ကျီလဲနေတုန်းမှာ ဂျယ်မင်းက ဝယ်လာတဲ့ပစ္စည်းတွေကို နေရာချနေတယ်။
ညဆယ့်နှစ်ကျော်နေပြီဆိုပေမဲ့ မိုးရွာနေတာမလို့ ခေါက်ဆွဲပြုတ်စားလိုက်ရမလား တွေးမိလို့
တစ်လက်စထဲ ခေါက်ဆွဲနှစ်ထုပ်ပါ ပြုတ်လိုက်တယ်။"ခင်ဗျား ခေါက်ဆွဲစားမယ်မလား။
ကျွန်တော် ပြုတ်ထားတယ်။""အင်း။ ဟုတ်ပြီ။ ကျေးဇူးပဲ။"
ဂျယ်မင်းက ဂျယ်နို့ကို ပြုံးပြလိုက်ပြီးတော့
မီးဖိုချောင်ဘက် ပြန်လှည့်သွားတယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)