ဂျယ်မင်းက ဘာမှ မပြောပဲ လှည့်ထွက်လာခဲ့တယ်။ သူ....ဂျယ်နိုက တစ်ခြားတစ်ယောက်လက်ကို တွဲနေတဲ့ပုံစံကို ကြည့်မနေနိုင်ခဲ့ဘူး။
ဂျယ်နို့အတွက်တော့ သူက ဒီတိုင်း သူငယ်ချင်းသာသာပေမဲ့ သူ့အတွက်တော့ ဂျယ်နိုက သူငယ်ချင်းဆိုတာထက်ကို ပိုခဲ့တာ။
စတွေ့ကတည်းကပဲ.... အဲ့ဒီနေ့တုန်းက လမ်းပေါ်မှာ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီး လမ်းကြားထဲ ဝင်ရပ်လိုက်တဲ့ကောင်လေးကို မြင်ပြီး သူက ရင်ခုန်ခဲ့တာ။ အဲ့ဒီတုန်းက ဂျယ်နို့ပုံကကြည့်ကောင်းနေခဲ့တာမလို့ သူ့အာရုံကို ဆွဲဆောင်သွားဟန်တူပါတယ်။ သူငယ်ချင်းတွေ ဖြစ်လာတော့လည်း သူဘက်က ဂျယ်နို့ကို သဘောကျနေပြီလို့ ကိုယ့်ကိုကိုယ်အတည်တကျ လက်မခံသေးပေမဲ့ သူ
ဂျယ်နို့ကို သဘောကျနေကြောင်းကို အမူအပြုတွေကနေ ဘေးလူတွေက အထင်အရှား မြင်နေကြလောက်မှာ။ကိုယ်သဘောကျတဲ့လူကို တစ်ခြားတစ်ယောက်နဲ့တွဲမြင်ရတဲ့ ခံစားချက်က အဲ့လောက်ဆိုးဝါးမယ်လို့ တစ်ခါမှမထင်ခဲ့ဘူး။ ရင်ဘတ်ထဲကနေ ဆို့နင့်တက်လာသလိုမျိုး၊ အန်ချင်သလိုမျိုး ၊ငိုချင်သလိုမျိုး ခံစားချက်ပေါင်းစုံ ခံစားနေရပေမဲ့ တကယ်တမ်းကျတော့လည်း ဘာမှမလုပ်နိုင်ပဲ လှည့်ထွက်လာရတာပဲ။
ဂျယ်မင်း စိတ်ညစ်ညစ်နဲ့ပဲ ကျောင်းဝင်းထဲက ထွက်လာခဲ့တယ်။ ဂျယ်နိုက ဘာလို့များ သူ့ကို နမ်းခဲ့ပါလိမ့်။ ဂျယ်နို့အပေါ်မျှော်လင့်ချက်တွေ ထားခဲ့တာ။ ဂျယ်နိုက သူ့ရည်းစား ဖြစ်လာလောက်မလားလို့၊ သူနဲ့တူတူ နေတိုင်း ကျောင်းသွားကျောင်းပြန် လုပ်မလားလို့၊ ဂျယ်နို ဟင်းချက်ကျွေးတာကို နေ့တိုင်းစားရတော့မယ်လို့၊
သူအများကြီး စိတ်ကူးယဥ်ခဲ့မိတာ။"လမ်းကို လူလိုမလျှောက်ဘူးလား"
လမ်းလျှောက်လာရင်းနဲ့ မီးပွိုင့်ကို မကြည့်မိနဲ့ လမ်းဖြတ်ကူးဖို့ လုပ်မိတော့ ကားတစ်စီးက
ဂျယ်မင်းကို အော်သွားတယ်။ ဂျယ်မင်းက ရောက်တက်ရာရာလျှောက်လာတာမလို့ အိမ်ပြန်ဖို့ လမ်းဘက် လှည့်ရတယ်။နေ့လည်စာစားချိန်မလို့ ကျောင်းနားတစ်ဝိုက်က စားသောက်ဆိုင်တွေမှာ လူအပြည့်။ ဂျယ်မင်းကတော့ စားချင်စိတ်လည်း မရှိတော့။
စာဆက်သင်ချင်စိတ်လည်း မရှိတော့တာမလို့
အိမ်ပဲ ပြန်လာဖြစ်ခဲ့တယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)