ဂျယ်မင်း နယူးယောခ့်ကို ပြန်ရောက်ပြီး ငါးနှစ်အကြာ။ကိုယ်ပိုင် စတူဒီယိုတစ်ခုလည်း ထောင်နိုင်ခဲ့ပြီး
ဓာတ်ပုံလောကမှာလည်း ဂျယ်မင်းက သူ့နေရာနဲ့သူ နေရာရလာတယ်။ ငှားထားတဲ့ အိမ်ကိုလည်း ဝယ်နိုင်ခဲ့ပြီး ကားနှစ်စီးလည်း ဝယ်နိုင်ခဲ့တယ်။ အခုထိတော့ မိဘတွေနဲ့ တူတူနေနေတုန်း။ဂျီဆောင်းကတော့ ဂျယ်မင်းရဲ့ စတိုဒီယိုကို အလုပ်ပြောင်းလာခဲ့တယ်။ ချန်းလော့ကတော့ ဂျီဆောင်းတဲ့တူတူနေနေပေမဲ့ အလုပ်ကိစ္စကြောင့် ခရီးသွားနေရတာကများတယ်။ ဟယ်ချန်းနဲ့ မင်ဟျောင်းကတော့ LA မှာပဲ နေကြလေရဲ့။ရွမ်ကျွင့်နဲ့ ယန်းယန်ကတော့ တရုတ်ကို ပြန်သွားတယ်။အကုန်လုံးက သူ့ဘဝနဲ့သူ အံဝင်ခွင်ကျရှိနေခဲ့တယ်။ဂျယ်မင်းက ဂျယ်နို့အကြောင်းကိုတော့ မသိတော့ဘူး။ အဲ့ဒီ့နေ့က ညစာစားပွဲပြီးကတည်းက အဲ့ဒီလူနဲ့ ထပ်မတွေ့ဖြစ်တော့တာမလို့။.............
"အစ်ကိုဂျယ်မင်း..မွေးနေ့ပွဲလုပ်မယ်မလား။ အကုန်လုံး လာမှာလေ..အစ်ကိုရွမ်ကျွင့်နဲ့ ယန်းယန်လည်း နယူးယောခ့်ကို ခဏလာမယ်တဲ့"
"အင်း..ညစာတူတူစားတာပေါ့။ ဟယ်ချန်းတို့လည်းလာမှာဆိုတော့"
"အိုကေ ကျွန်တော် ဆိုင်မှာ ဘိုကင်တင်ထားမယ် ဒါဆို"
မနက်ဖြန် ဂျယ်မင်းမွေးနေ့။ ဂျယ်မင်းကတော့ သိပ်ပြီး မတွေးထားပေမဲ့ ဂျီဆောင်းကတော့ တက်တက်ကြွကြွနဲ့ ပြင်ဆင်နေတော့တာပဲ။
....
မွေးနေ့လည်း ထုံးစံအတိုင်း ဂျယ်မင်းက အိမ်နဲ့အလုပ်ပဲ ကူးနေတာပဲ။ ညဘက်ကျမှ ညစာထွက်စားဖြစ်တယ်။
"ဟယ်ပီးဘက်ဒေး ဂျယ်မင်း"
" ကျေးဇူး"
"ရော့..ငါတို့ တရုတ်ကဝယ်လာတာ မင်းသဘောကျတယ်မလား"
" ကျေးဇူး ယန်း"
ရွမ်ကျွင့်နဲ့ ယန်းယန်ကို မတွေ့ရတာ ကြာလှပြီ။ အခုမှ ပြန်တွေ့တာမလို့ ဂျယ်မင်းရော၊ အကုန်လုံးရော
ပျော်ရွှင်နေတယ်။"ကျွန်တော် အရင်လက အီတလီကိုရောက်သေးတယ်။ ကျွန်တော်တို့အတူတူ သွားတုန်းကတော့ ပျော်စရာကြီးပဲနော်"
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)