"လီယာ..ဂျယ်နို့ကို သဘောကျလား"
"မမ..ဘာလို့လဲ"
"ညီမလေး သဘောကျရင် မမက သူ့ကို ညီမလေးအပိုင်ဖြစ်အောင် လုပ်ပေးမှာမလို့။"
..............
ဂျယ်နို အိပ်ရာက နိုးလာတော့ ဂျယ်မင်းက
ဂျယ်နို့လက်မောင်းကိုခေါင်းအုံးပြီး အိပ်ပျော်နေတာ။ မင်ဟျောင်းနဲ့ဟယ်ချန်းကတော့ အိပ်ခန်းထဲမှာ အိပ်တာဖြစ်မယ်။ ဧည့်ခန်းထဲမှာ ဂျယ်နို၊ဂျယ်မင်းနဲ့ ဂျီဆောင်း၊ချန်းလော့ လေးယောက်ပဲရှိတာမလို့။"ဂျယ်မင်းနီး..ထတော့။ ကိုယ့်တိုက်ခန်းကို သွားရအောင်"
"ဟင်..အင်း ငါအိပ်ချင်သေးတာ"
"ကိုယ်ချီသွားရမလား။ ဒီကိုလာ.."
ဂျယ်နိုက ဂျယ်မင်းကို ပွေ့ချီသွားတယ်။ တိုက်ခန်းထဲရောက်တော့ ဂျယ်နိုက အိပ်ခန်းထဲကို တန်းသွားပြီး ဂျယ်မင်းကို ကုတင်ပေါ်ကို ချပေးခဲ့တယ်။
"ဂျယ်နို..ဘယ်သွားမလို့လဲ"
"ဘယ်မှမသွားပါဘူး..အိပ်"
ဂျယ်မင်းက ဂျယ်နို့ လက်မောင်းတွေကြားထဲတိုးဝင်လာတယ်။ ဂျယ်နိုက သဘောတကျနဲ့ ဂျယ်မင်း ဆံပင်တွေကို လက်နဲ့ဖွလိုက်မိတယ်။
ဂျယ်နိုနဲ့ ဂျယ်မင်း အိပ်ရာပြန်နိုးလာတော့ နေ့လည်ရောက်နေပြီ။ ဂျယ်နိုက ဂျယ်မင်းတိုက်ခန်းမှာပဲ နေဖြစ်ခဲ့တာမလို့ ဂျယ်နို့တိုက်ခန်းမှာ စားစရာရှိမနေ။
"မှာပဲစားရအောင်"
"အွန်း..ခင်ဗျား ဘာစားမလဲ"
"နည်းနည်းစပ်တာ?"
"အိုကေ ကြည့်မှာလိုက်မယ် ရတယ်မလား"
"ရတယ်"
ဂျယ်မင်းက အစားအသောက်တွေမှာပြီးလို့ ရောက်လာတဲ့ထိ အိပ်ရာထဲက မထ။
"မထသေးဘူးလား..စားမယ်လေ"
"အိပ်ပဲအိပ်ချင်နေတယ်"
ဂျယ်မင်းက ပြောရင်းနဲ့ ကာတင်ပေါ်မှာ ဟိုဘက် ဒီဘက် လှိမ့်နေတော့ ဂျယ်နိုက သဘောတကျနဲ့ ရယ်တယ်။
"ချစ်စရာလေး ㅋㅋㅋ"
"ခင်ဗျားကမှ ပိုချစ်ဖို့ကောင်းတာ ရယ်နေရင် ခွေးပေါက်လေးကျနေရော"
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)