we were a fresh page

398 41 4
                                    

"ဒီနေ့ ကျောင်းစတတ်ရမဲ့နေ့ဟာကို
အိပ်ရာထတာ နောက်ကျရတယ်လို့!"

ဂျယ်မင်းက ကိုယ့်ကိုကိုယ် ပြောရင်းနဲ့ အိပ်ရာက ကုန်းရုန်းထတယ်။ ရေမိုးချိုး ပြင်ဆင်တာကို ဆယ်မိနစ်လောက်နဲ့ အပြီးလုပ်ပြီး ဘက်စ်ကားဂိတ်ကို ပြေးရတော့တယ်။

တက္ကသိုလ်ဝင်းထဲရောက်တော့ လှုပ်ရှားသွားလာနေတဲ့ ကျောင်းသားတွေကို ကြည့်ပြီး စိတ်လှုပ်ရှားစရာပဲလို့ တွေးပြီး ပြုံးလိုက်တယ်။
ပြုံးရင်းနဲ့ပဲ မနက်စာမစားရသေးတာမလို့
ဂျယ်မင်းရဲ့ ဗိုက်က ဆန္ဒပြလာတယ်။ အဲ့တာနဲ့ပဲ ဂျယ်မင်းလည်း ကန်တင်းကို ပြေးရတော့တယ်။

ဂျယ်မင်းက နယူးယောခ့်ကို ဒီနှစ်မှပြောင်းလာတဲ့ကောင်လေး။ နယူးယောခ့် တက္ကသိုလ်မှာ photography major နဲ့ exchange student ။

ဂျယ်မင်းက ဓာတ်ပုံတွေထဲမှာ
လူတွေ၊အမှတ်တရတွေက ရှင်သန်နေထိုင်တယ်လို့ ထင်တယ်။ အဲ့တာကြောင့်မလို့လည်း
ဒီမေဂျာကို ရွေးခဲ့မိတာ။

ဓာတ်ပုံတွေက ထာဝရရှင်သန်နေပေမဲ့ လူတွေကတော့ မရှင်သန်နိုင်ဘူးမလား။ ဘဝထဲကို ဝင်လာတဲ့လူတွေက ပြန်ထွက်သွားကြမှာပဲဆိုတဲ့
သဘာဝကို နားလည်တာမလို့ အမှတ်တရတွေကိုတော့ ကောင်းကောင်းမွန်မွန်နဲ့ သိမ်းထားချင်တယ်။

ဂျယ်မင်းအတွက်က ကင်မရာရယ်၊ စာအုပ်တွေရယ်ရှိရင်ကို ဘဝက နေပျော်ပြီ။

ကန်တင်းမှာ စားသောက်ပြီးတော့ ဂျယ်မင်းက အတန်းထဲကို သွားတယ်။ ပထမဆုံးကျောင်းတတ်တဲ့နေ့ပေမဲ့ အရင်နေ့တွေက ကျောင်းကို လာကြည့်ထားပြီးသားမလို့ မျက်စိတော့
လည်မနေဘူး။

ပထမဆုံးအတန်းချိန်မှာ history of photography ကိုပဲ ရှင်းပြနေတာမလို့ ဂရုတစိုက်ပဲ သေချာနားထောင်လာတယ်။
နောက်အပတ်တွေကျရင် studio lighting ရော သေချာသင်ရတော့မှာမလို့ ဂျယ်မင်းကအလုပ်ရှုပ်နေတော့မှာ သေချာတယ်။ ဒါပေမဲ့လည်း ကိုယ်ကိုတိုင် စိတ်ပါဝင်စားလို့ ယူထားတဲ့ မေဂျာဖြစ်တာမလို့ သိပ်ပြီး စိတ်ဖိစီးမှုတော့ ရှိမနေ။ ပတ်ဝန်းကျင်အသစ်မှာ၊ မသိတဲ့လူတွေနဲ့ နေရတာကလွဲရင် သူ့အတွက်က အကုန် အဆင်ပြေပြေပဲ။

Cornelia Street Where stories live. Discover now