Photograph

304 38 2
                                    

"ဒီဟာ ကျွန်တော် မမှာထားပါဘူး။"

ဟယ်ချန်းက ဟိုတယ်မှာ ညစာစားနေတုန်း
သူ မမှာထားတာတွေ လာချပေးတော့ကြောင်သွားတယ်။

"ဒီဟင်းပွဲတွေ ကျွန်တော်မမှာထားဘူးဗျ။"

"ဥက္ကဋ္ဌက ချပေးခိုင်းလို့ပါ"

ဟယ်ချန်းက မနေ့က တွေ့ခဲ့တဲ့လူကို မျက်လုံး
ထဲပြန်မြင်ယောင်လာတယ်။ အဲ့ဒီလူက သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသားပဲ။

"ဘယ်လိုလဲ နေရတာ အဆင်ပြေတယ်မလား"

တွေးနေတုန်းမှာပဲ လီမင်ဟျောင်းဆိုတဲ့လူက
သူ့ရှေ့ရောက်လာတယ်။ ဟိုတစ်နေ့ကလိုမျိုး ဝတ်စုံပြည့်နဲ့မဟုတ်ပဲ ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုးနဲ့။

"အင်း ပြေတယ်"

"မင်း ဒီကို ခဏပဲ အလည်လာတာလား?"

"အဲ့ဒီဘက်ကလူနဲ့မှ မဆိုင်ပဲ"

"အခု မဆိုင်သေးလည်း နောက်ဆိုင်ရင် ဆိုင်လာမှာပေါ့"

မင်ဟျောင်းက အဲ့လိုစကားကို ခပ်ပြုံးပြုံးလေးနဲ့ပြောတယ်။ ဟယ်ချန်းကတော့ ကြောင်သွားတာမလို့ ဘာမှမပြောတော့ပဲ စားလက်စကိုပဲ ဆက်စားနေတော့တယ်။ ဟယ်ချန်းထိုင်နေတဲ့ ခုံမှာ မင်ဟျောင်းက ဝင်ထိုင်ပြီး ဟယ်ချန်းနဲ့အတူတူ ညစာလာစားနေတာမလို့ ဟယ်ချန်းက
စိတ်ရှုပ်စရာကောင်းတယ်ဆိုတဲ့ပုံမျိုးနဲ့ ကြည့်လိုက်ပေမဲ့ မင်ဟျောင်းက ထမထွက်သွားဘူး။

...........

"ဂျယ်နို မင်း မပြန်ဘူးလား။ တစ်ပတ်ရှိနေပြီ။"

"မင်ဟျောင်းကလည်း ကျွန်တော်မှ မပြန်ချင်သေးတာ။"

"မင်း ကိစ္စတစ်ခုခုရှိနေတာလား?"

"မဟုတ်ပါဘူး မနက်ဖြန် ပြန်လိုက်မယ်"

"အင်း တစ်ခုခုဖြစ်နေတာမျိုးဆိုရင်လည်း
ကိုယ့်ကို​ပြောဦး"

"ဘာမှမဖြစ်တာမလို့ စိတ်မပူနဲ့"

ဂျယ်နိုက LA ကိုရောက်နေတာ တစ်ပတ်ပြည့်ပြီ။ ကျောင်းသွားရင် နာဂျယ်မင်းနဲ့ဆုံရမှာစိုးလို့ မသွားချင်တာ။ ကျောင်းမသွားတောင် တစ်မြို့ထဲအတူတူရှိနေရင်တောင် ဆုံနိုင်သေးတယ်။
ဂျယ်မင်းကို ဂျယ်နိုကိုယ်တိုင်က ပြန်တွေ့ချင်ခဲ့တာ မှန်ပေမဲ့ ဂျယ်နို့ဆီမှာ ဂျယ်မင်းအတွက် အမျိုးအမည် မသိရတဲ့ ခံစားချက်တွေ
ဖြစ်ပေါ်လာမှာတော့ မလိုလားဘူး။

ရုတ်တရက် နာဂျယ်မင်းကိုတွေ့လိုက်လို့ဆိုပြီး စားသောက်ဆိုင်ထဲကနေ စားလက်စကို ထားခဲ့ပြီး ထွက်သွားကတည်းက ဂျယ်နို့စိတ်က
ပုံမှန်ဟုတ်မနေတော့တာ။ ပြီးတော့ ထီးသွားဝယ်ပြီး နာဂျယ်မင်းကို အိမ်အထိလိုက်ပို့ပေးမိတာရော၊ သူ့အိမ်မှာ အိပ်ခဲ့မိတာရော။

ဂျယ်နိုက တစ်ယောက်ထဲလည်း အဆင်ပြေမဲ့လူပဲ။ တစ်ယောက်ထဲလည်း အဆင်​ပြေကို ပြေရမဲ့လူ။ အခုထိလည်း တစ်ယောက်ထဲပဲ နေလာတာ။ အပျော်ရှာတာမျိုးကလွဲလို့ပေါ့။
သူ့ဘဝထဲမှာ လူတွေက ဝင်လာလိုက်
ထွက်သွားလိုက်နဲ့ဆိုပေမဲ့ ဂျယ်မင်းကိုတော့ ဝင်လာရင်ကောင်းမယ်လို့လည်း တွေးမိခဲ့ပြီး အခုကျတော့ မဝင်လာရင်ကောင်းမယ်လို့လည်းတွေးမိနေပြန်တယ်။

..........

"အစ်ကိုဂျယ်မင်း ကျွန်တော် မုန့်သွားစားမလို့ လိုက်ဦးမလား?"

"မလိုက်တော့ဘူး ဂျီဆောင်း။အစ်ကိုသွားစရာရှိလို့။"

ဂျယ်မင်း ဂျယ်နို့ကို မတွေ့တာ တစ်ပတ်ကျော်ကျော်လောက်ရှိပြီ။ဟိုတစ်နေ့က ကျောင်းမှာ လာချသွားပေးပြီးကတည်းက ဂျယ်နိုက ပျောက်သွားတာပဲ။ဂျယ်နိုနဲ့ ရင်းနှီးတယ်လို့ ပြောလို့ရပေမဲ့ဂျယ်နို့ ဖုန်းနံပါတ်လည်း သူ့မှာ ရှိမနေဘူး။အဲ့တာကြောင့် ဒီနေ့ အားတုန်း
စီးပွားရေးမေဂျာဘက် ခဏလောက်သွားကြည့်မလို့ ဆုံးဖြတ်ထားတာ။ တွေ့ချင်လွန်းလို့တော့ မဟုတ်ဘူး။ ဂျယ်မင်းရဲ့ အင်္ကျီတွေ သူဝတ်သွားတာမလို့။ အင်္ကျီပြန်ယူရမှာ။

ဂျယ်မင်းက ကင်မရာကို ကိုင်ပြီး ဓာတ်ပုံလျှောက်ရိုက်လာရင်းနဲ့ စီးပွားရေးမေဂျာဘက်ကို လမ်းလျှောက်လာတယ်။
လမ်းလျှောက်လာနေရင်းကနေ မေဂျာအဆောင်ရှေ့က သစ်ပင်ပေါ်ကနေ သစ်ရွက်တွေ ကြွေကျနေတာက လှပနေတာမလို့
ဓာတ်ပုံရိုက်ဖို့ ချိန်ရွယ်လိုက်တယ်။
ကြည်လင်နေတဲ့ ကောင်းကင်ရယ်၊
ဖြာကျနေတဲ့ နေရောင်ခြည် ခပ်နွေးနွေးရယ်နဲ့
လေနုအေးလေးတွေရယ်၊
သစ်ပင်ပေါ်က ကြွေကျလာတဲ့ အဝါရောင်သမ်းနေတဲ့သစ်ရွယ်တွေရယ်..
ပြီးတော့ အညိုရောင်ဖျော့ဖျော့ အင်္ကျီကို ဝတ်ထားတဲ့ လူတစ်ယောက်ရယ်...
ဂျယ်မင်းရဲ့ ဓာတ်ပုံထဲမှာပါလာခဲ့ပါတယ်။

ဂျယ်မင်းက ဓာတ်ပုံရိုက်ပြီး ကြည့်လိုက်မိတော့ သစ်ပင်အောက်မှာ ရပ်နေတဲ့လူက ဂျယ်နို ဖြစ်နေခဲ့တယ်။

"ဂျယ်နို... ကျွန်တော်တို့ မတွေ့တာကြာပြီပဲ။"

"ကြာတယ်လို့လည်း ပြောလို့မရပါဘူး ဂျယ်မင်းရဲ့။"

_________

You were bigger than the whole sky

_________

31th January 2023

Cornelia Street Where stories live. Discover now