"Rome ရဲ့ ပထမဆုံးရက်ကို Ancient Rome ကို ပတ်ကြည့်ကြမယ်နော်။ အရင်ဆုံး Colosseum ကို သွားပါမယ်"
"ချန်းလော့က ချစ်စရာလေး"ဂျယ်မင်းက ရေရွတ်မိတော့ ဂျယ်နိုက
ဂျယ်မင်းကို လှည့်ကြည့်လာတယ်။ ရုတ်တရက်ကျောချမ်းသလို ခံစားလိုက်ရတာမလို့ ဂျယ်မင်းက ပြုံးပြလိုက်တယ်။"Colosseum က ဘဲဥပုံစံရှိတဲ့ ပွဲကြည့်စင်ပေါ့။ ရောမခေတ်က ဒီမှာ အလယ်မှာ ပွဲတွေကျင်းပကြပြီး ပွဲကြည့်ပရိတ်သတ်တွေက စင်ပေါ်ကနေ ကြည့်တယ်။ Rome ရဲ့ အလယ်တည့်တည့်မှာ တည်ရှိတာမလို့ အရင်တုန်းကတော့ တကယ် ခမ်းနားတဲ့နေရာ ဖြစ်ခဲ့မှာပေါ့"
ဂျယ်မင်းက ချန်းလော့ပြောတာကို ဂရုတစိုက်နဲ့ နားထောင်တယ်။ ဂျီဆောင်းကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့။ ဂျယ်နိုကတော့ ဂျယ်မင်းကိုပဲ
ကြည့်နေခဲ့တယ်။ ချန်းလော့စကားဆုံးတာနဲ့ ဟယ်ချန်းက မင်ဟျောင်းလက်ကို ဆွဲပြီး ဓာတ်ပုံရိုက်ဖို့ဆိုပြီး ထွက်သွားတယ်။
ဂျီဆောင်းကလည်း ချန်းလော့နဲ့ အဖွဲ့ကျနေတာမလို့ ဂျယ်မင်းနဲ့ဂျယ်နိုပဲ ကျန်ခဲ့တယ်။ဂျယ်နိုက ဂျယ်မင်း လက်ကို ဆုပ်ကိုင်ထားရင်းနဲ့ပဲ Colosseum တစ်ခုလုံးကို ပတ်ကြည့်တယ်။
"အရင်တုန်းက ဒီနေရာက တကယ်မိုက်မှာပဲ"
ဂျယ်မင်းက သူ့ကင်မရာနဲ့ ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ အီတလီကို စရောက်ကတည်းက Photography မေဂျာယူထားတဲ့ ဂျယ်မင်းနဲ့ ဂျီဆောင်းက ကင်မရာကို လက်က မ ချတော့တာပါပဲ။
ဂျယ်မင်းက ရောက်တဲ့နေရာတိုင်းမှာ ဓာတ်ပုံလိုက်ရိုက်နေခဲ့ပေမဲ့ သူ့ဓာတ်ပုံတွေရဲ့ အဓိကဇာတ်ဆောင်ကတော့ ဓာတ်ပုံတွေထဲမှာ သူပါနေမှန်းတောင် သိမယ် မထင်ပါဘူး။
တစ်နေကုန် လျှောက်လည်ပြီးလို့ ညဘက်ရောက်တော့ အကုန်လုံးက ပင်ပန်းနေလို့ဆိုပြီး အိပ်ခန်း အသီးသီးကို ပြန်သွားကြတယ်။ ခရီးသွားရတာက ပျော်စရာကောင်းတာလည်း ဟုတ်ပေမဲ့ ပျော်စရာကောင်းသလောက် ပင်ပန်းမှုကလည်း ကပ်ပါလာတာပဲ မဟုတ်လား။
ဂျယ်မင်းလည်း ကုတင်ပေါ်ကို တန်းရောက်သွားတာပဲ။ မထချင်တော့တဲ့ကြောင်ပေါက်လေးကို ကြောင်ပိုင်ရှင်ကပဲ ချီပြီး သန့်ရှင်းရေးလုပ်ပေးဖို့ ရေချိုးခန်းထဲဆွဲခေါ်လာရတယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)