Three years later,somewhere in Northern Italy...
"အစ္စဘယ်လာ..လျှောက်ပြေးမနေနဲ့လေ"
တစ်ခါမှ မရောက်ဖူးသော အရပ်ဒေသမလို့
လှည့်ပတ်ကြည့်နေရင်း ကောင်မလေးတစ်ယောက်က သူ့ကို ဝင်တိုက်လာတယ်။ ကလေးမလေးက ငါးနှစ်လောက်ပဲရှိဦးမဲ့ပုံ။"တောင်းပန်ပါတယ် ဦးဦး"
သူကလေးမလေးကို ငုံကြည့်မိတော့ ကလေးမလေးက တောင်းပန်လာတယ်။
"ရပါတယ်..။"
"အစ္စဘယ်လာ.. လျှောက်ပြေးနေတော့ ဘယ်လိုလုပ်မလဲ"
"ဦးဦးကလည်း.."
ကလေးမလေးက သူ့ကို လာခေါ်တဲ့လူဆီ ပြေးဖက်တော့ သူလည်း ကြည့်လိုက်မိတယ်။
"ဂျယ်မင်း..?"
"ဂျယ်နို"
ဂျယ်မင်းက ကလေးမလေးကို ဖက်ထားရင်းနဲ့မှ ဂျယ်နို့ကို ကြည့်လာတယ်။ နှစ်ယောက်လုံး ဘာမှ မပြောနိုင်ပဲ တစ်ယောက်နဲ့ တစ်ယောက်ပဲ ရပ်ကြည့်နေခဲ့ကြတယ်။
"ဦးဦးတို့ ဘာလုပ်နေတာလဲ"
အစ္စဘယ်လာက ဂျယ်မင်း အင်္ကျီစကို ဆွဲပြီး မေးတယ်။
"ဟင်..ဘာမှမဟုတ်ပါဘူး သွားရအောင်"
"ဂျယ်မင်း..ခဏ"
"ကျွန်တော်တို့မှာ ပြန်တွေ့စရာအကြောင်းမှ မရှိတာ ဂျယ်နို"
ဂျယ်မင်းက အစ္စဘယ်လာလက်ကိုဆွဲပြီး လှည့်ထွက်လာခဲ့တယ်။
"ဦးဦး..နယူးယောခ့်က သူငယ်ချင်းလား အဲ့တာ"
"အင်း..ဒီလိုပါပဲ"
ဂျယ်မင်း Crema မှာ လာနေနေတာ နှစ်နှစ်ရှိပြီ။ Photography နဲ့ဘွဲ့ရထားတာမလို့ သူ့အသက်မွေးဝမ်းကြောင်းကိုလည်း ဒီမြို့လေးမှာ အေးဆေးလုပ်ကိုင်လို့ရနေတယ်။ ခရီးသွားတွေလာလေ့ရှိတဲ့မြို့ဖြစ်တာကြောင့် ခရီးသွားရာသီဆိုရင် ဂျယ်မင်းက အလုပ်မအားတော့ဘူး။
အစ္စဘယ်လာက ဂျယ်မင်းဘေးအိမ်က ကလေးမလေး။ သူ့မေမေက ဒီနေ့မအားတာမလို့
အစ္စဘယ်လ်ကို ကျောင်းကြိုပေးဖို့ ဂျယ်မင်းကို အကူအညီတောင်းထားတာ။"မေမေ..."
အစ္စဘယ်လာက သူ့အမေကိုတွေ့တာနဲ့ မေမေဆိုပြီး ပြေးဖက်တယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)