"ဂျယ်မင်း ငါမင်းပြောတဲ့လမ်းထဲတော့
ရောက်ပြီ။ မင်းတိုက်ခန်းတော့ ရှာမတွေ့ဘူး ဘယ်နားမှာလဲ""ငါ တိုက်အောက်ဆင်းလာခဲ့မယ် စောင့်နေ"
"မြန်မြန်လာကွ။ ငါမင်းအတွက် ပစ္စည်းတွေ အများကြီးသယ်လာတာ"
"အေးပါကွာ"
ဂျယ်မင်းက ဖုန်းပြောရင်းနဲ့ပဲ တိုက်အောက်ဆင်းလာတယ်။
"ဟယ်ချန်း.."
"မင်းကလည်း ကြာလိုက်တာ"
"ဘယ်မှာကြာလို့လဲ မင်းဖုန်းဆက်ပြီးပြီးချင်း ဆင်းလာတာလေ"
"ရော့... အန်တီ မင်းအတွက် ထည့်ပေးလိုက်တာတွေ"
"အေး ကျေးဇူးပဲ မင်းအပေါ်လိုက်ခဲ့ဦးမလား"
"မလိုက်ဘူး.. နောက် အားမှ လာမယ်
ငါဒီနေ့ အလုပ်ဆင်းရမဲ့ နေရာဘက်သွားကြည့်မလို့.. ပြီးရင် ကျောင်း ပြန်တက်ဖို့လည်း ပြင်ဆင်ရဦးမယ်""တစ်ခုခုလိုလည်း ငါ့ပြောဦး"
"မင်းသာ အဆင်ပြေအောင် နေ။ ငါက အေးဆေး"
ဟယ်ချန်းက နယူးယောခ့် တက္ကသိုလ်က ကျောင်းသားပဲ။ Tourism and Hospitality မေဂျာနဲ့။ ဂျယ်မင်းထက်ပိုစောပြီး နယူးယောခ့်ကို ရောက်လာခဲ့တာ
မှန်ပေမဲ့ ကျောင်းတက်နေတုန်း ဟယ်ချန်းရဲ့ အဖေ နေမကောင်းလို့ ကျောင်းခဏ နားပြီး ကိုရီးယား ပြန်သွားလိုက်ရတာ။ အခု semester မှ ကျောင်းပြန်တက်ရမှာ။......
ဂျယ်မင်းရဲ့အိမ်က ဟယ်ချန်းကနေ တစ်ဆင့် ဂျယ်မင်းဆီကို ပစ္စည်းတွေ ထည့်ပေးလိုက်တာ။ ဟယ်ချန်းက နယူးယောခ့်ကို တန်းမလာခင် LA ကို ဝင်သေးတာကို ဒီပစ္စည်းတွေနဲ့ အလုပ်ရှုပ်သွားတော့မှာပဲ။
ဟယ်ချန်းနဲ့ ဂျယ်မင်းက အိမ်နီးနားချင်းတွေ။ အသက််အရွယ်ကလည်း အတူတူပဲမလို့ ကျောင်းသွားတော့လည်း အတူတူ။ ပြောရရင်တော့ အရင်းနှီးဆုံး သူငယ်ချင်းပေါ့။ ဒါပေမဲ့လည်း ဟယ်ချန်းက ဂျယ်မင်းကို လိုက်,လိုက်စတာမလို့ သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုမျိုးပဲ။
ဂျယ်မင်းရဲ့ မေမေက ဂျယ်မင်းကို အဝတ်အစားတွေရော၊ အသင့်စား အစားအသောက်တွေပါ ထည့်ပေးလိုက်တာ။
အမေကတော့ အမေပါပဲ။ သူ့ကို အမြဲ ကလေးလို့ပဲ မြင်နေတာ။ ဂျယ်မင်းက ပစ္စည်းတွေကို သေချာနေရာချပြီးတော့ စာအုပ်ဖတ်မလို့ ပြင်တယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)