ဂျယ်နိုက မနက်အိပ်ရာနိုးတော့ မင်ဟျောင်းကိုလိုက်ရှာသော်လည်း အိမ်တွင် မရှိပေ။
"မင်ဟျောင်းကို တွေ့မိသေးလား"
"အစ်ကိုလေးမင်ဟျောင်းက မနေ့ညကတည်းက အိမ်ပြန်မလာပါဘူး"
"သူ ဘယ်သွားတာလဲ သိလား"
"မသိပါဘူး"
ဂျယ်နို ခေါင်းပေါ်က ဆံပင်တွေကို သပ်လိုက်ပြီး အိပ်ခန်းထဲ ပြင်ဝင်လာခဲ့တယ်။ ညက တစ်ညလုံး ရေရေရာရာ အိပ်ပျော်ခဲ့တာမျိုး မဟုတ်လို့ ဂျယ်နို နည်းနည်းစိတ်မကြည်ဘူး ဖြစ်နေတာ။
မင်ဟျောင်းကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ မင်ဟျောင်းကို ဖုန်းမကိုင်တော့ ဂျယ်နိုက စာပဲပို့လိုက်တော့တယ်။
ဂျယ်မင်းကိုတော့ ဒီနေ့သွားတွေ့မှ ဖြစ်မယ်။ လောလောဆယ် သူလုပ်နိုင်တာ ဘာမှ မရှိသေးပေမဲ့ ဂျယ်မင်းကိုတော့ လက်လွတ်စပယ် ပစ်ထားတာမျိုး
မလုပ်ချင်ဘူး။"ငါ အပြင်သွားဦးမယ် ညနေ ပြန်လာမှာမလို့ စိတ်မပူနဲ့လို့ ပြောထားလိုက်"
"ဟုတ်ကဲ့ အစ်ကိုလေး"
ဂျယ်နိုက ထုံးစံအတိုင်း သူ့ဆိုင်ကယ်ကို မောင်းပြီး အပြင်ထွက်သွားတယ်။ ဂျယ်နို့အိမ် အပေါ်ဆုံးထပ်က ဝရန်တာကနေတော့ ကောင်မလေးတစ်ယောက်က ဂျယ်နို ထွက်သွားတာကို ကြည့်လို့။
"သူဘယ်သွားတာလဲ စုံစမ်းပေး"
"ဟုတ်ကဲ့ မမလေး"
ဂျယ်နိုက ဂျယ်မင်း ဒီနေ့ မနက်ပိုင်းအတန်းချိန် မရှိဘူးဆိုတာ သိတာမလို့ ဂျယ်မင်းအိမ်ကိုပဲ တန်းသွားတယ်။ဂျယ်နို ဂျယ်မင်းတိုက်ခန်းအောက်ကို ရောက်တော့ ဆယ့်တစ်နာရီကျော်နေပြီ။
"ဂျယ်မင်း.."
အိပ်ခန်းတံခါးကို ဖွင့်ဝင်သွားလိုက်တော့ ဂျယ်မင်းက စာကြည့်စားပွဲမှာ ထိုင်ပြီး ကင်မရာကို သန့်ရှင်းရေးလုပ်နေတယ်။
"ဂျယ်နို..."
"ကိုယ်ဆီလာပါဦး"
ဂျယ်နိုက ပြုံးရင်း လက်ဆန့်ပေးတယ်။ ဂျယ်မင်းကလည်း ဂျယ်နို့ကို ပြေးဖက်လို့။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)