အီတလီ ခရီးစဥ်ရဲ့ နောက်ဆုံးနေ့မှာ
မင်ဟျောင်းကလည်း ဟယ်ချန်းကို လက်ထပ်
ခွင့်တောင်းခဲ့ပါတယ်။ ချန်းလော့နဲ့ ဂျီဆောင်းကတော့ အဲ့အတွဲနှစ်တွဲလုံးကို ထိုင်ကြည့်နေခဲ့ကြတယ်။ နောက်နေ့မနက် လေယာဥ်ပေါ်ကိုရောက်တော့ အကုန်လုံးက အပြုံးကိုယ်စီနဲ့။"New York ကိုပြန်ရောက်ရင် စာလုပ်ရတော့မှာပဲ ဟူးး"
ဂျီဆောင်းက ထိုင်ခုံနောက်ကို မှီလိုက်ရင်းနဲ့ ငြီးတယ်။
"ဒါမဲ့လည်း ဒီနှစ် ပြီးရင် ငါတို့ဘွဲ့ရပြီပဲဟာ"
ဂျယ်မင်းက ပြောတယ်။ Photography မေဂျာက သုံးနှစ်ပဲတက်ရတာမလို့ အခုဆို သူတို့က နောက်ဆုံးနှစ်တက်ပြီးရင်း ဘွဲ့ရပြီ။
ဂျယ်မင်း ဒီမြို့ကို ရောက်လာတာလည်း
နှစ်နှစ်ကျော်ကျော်လောက်ရှိပြီ။ ပြီးတော့..
ဂျယ်နိုနဲ့တွဲတာလည်း တစ်နှစ်ကျော်လာပြီ။
ကျောင်းတက်နေတဲ့တစ်လျှောက်လုံး ဂျယ်နိုက သူ့ဘေးမှာရှိနေပေးခဲ့တာ။သူတို့ နယူးယောခ့်ကို ပြန်ရောက်လာတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တော့ဘူး။
ဟယ်ချန်းနဲ့မင်ဟျောင်းကတော့
ဂျယ်မင်း၊ဂျယ်နိုနဲ့ တစ်တိုက်ထဲနေတာမလို့ တွေ့ဖြစ်ပေမဲ့ ချန်းလော့ကို မတွေ့ဖြစ်။နောက်ဆုံးနှစ်မလို့ ဂျယ်မင်းကလည်း ကင်မရာတစ်လုံးနဲ့ စာအုပ်တွေကြားထဲမှာပဲ အလုပ်ရှုပ်နေခဲ့တယ်။ ဂျယ်နိုကတော့ သူ့မိဘအိမ်ပြန်လိုက်၊ကျောင်းသွားလိုက်ပါပဲ။
...........
"ဂျယ်မင်း..."
ဂျယ်မင်းက ဒီနေ့လည်း ကျောင်းရောက်တော့ ကန်တင်းကို သွားတယ်။ ကန်တင်းလာတဲ့တစ်လျှောက်လုံး လူတွေက သူ့ကို ကြည့်နေသလိုပဲ။ ကန်တင်းရောက်တော့လည်း
ယန်းယန်က ဂျယ်မင်းနာမည်ကိုခေါ်ပြီး ဘာမှမပြော။ ဂျီဆောင်းနဲ့ ရွမ်ကျွင့်ကလည်း ငြိမ်လို့။"ဘာလဲ..မင်းတို့ကလည်း"
"ဟို...အစ်ကိုဂျယ်နို"
ဂျီဆောင်းက အီတလီမှကတည်းက ဂျယ်နို့ကို ဂျေလို့မခေါ်တော့ပဲ အစ်ကိုဂျယ်နိုလို့ ပြောင်းခေါ်တယ်။ ဂျီဆောင်းက ဘာမှဆက်မပြောတာကြောင့် ဂျယ်မင်းက ဘာဖြစ်တာလဲဆိုပြီး ဆက်မေးလိုက်တုန်းရှိသေး ဘေးဝိုင်းက ကောင်မလေးတွေ ပြောနေတာကို ကြားလိုက်ရတယ်။
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)