oh we are having lunch tgt

310 40 3
                                    

"ခင်ဗျား LA က ဘယ်တုန်းက ပြန်ရောက်တာလဲ?"

"မနေ့ညက"

"အော်"

"ဒါနဲ့ ကျွန်တော့် အင်္ကျီ..."

"အင်း ကိုယ့်အိမ်မှာရှိတယ်။ လျှော်ပြီးမှ ပြတ်ပေးမယ်။"

"အလျင်မလိုပါဘူး။ ရတယ်။"

ဂျယ်နိုရော၊ဂျယ်မင်းရော ဘာမှ ထပ်မပြောဖြစ်တော့ပဲ သစ်ပင်ပေါ်က သစ်ရွက်ကြွေကျလာတာကိုပဲ ကြည့်ဖြစ်တော့ကြတယ်။

ပြီးတော့ ရုတ်တရက် ဂျယ်နို့လက်က ဂျယ်မင်း ခေါင်းပေါ် ရောက်လာတယ်။
ဂျယ်မင်းက ကြောင်ပြီး ဂျယ်နို့ကို ကြည့်မိတယ်။ ဂျယ်နိုနဲ့ဂျယ်မင်း အရပ်က မတိမ်းမယိမ်းပဲ။ ဂျယ်နိုက ဂျယ်မင်းထက်
နှစ်လက်မ၊သုံးလက်မ​လောက် ပိုမြင့်တယ်။
ဂျယ်မင်းက ဂျယ်နို့ကို ကြည့်မိတော့ ဂျယ်နိုက ဂျယ်မင်းခေါင်းပေါ်က လက်ကို မဖယ်မိပဲ
ဂျယ်မင်းကိုပဲ ကြည့်နေမိတယ်။

"အဟမ်း...ဘာမှမဟုတ်ဘူး မင်းခေါင်းပေါ်ကိုသစ်ရွက်တစ်ရွက်ကြွေကျလို့"

"အာ.. အင်း"

ရုတ်တရက်ဆန်တဲ့ အဖြစ်အပျက် သေးသေးလေးဆိုပေမဲ့ ဂျယ်မင်းရဲ့ စိတ်ထဲမှာ
ခံစားချက်သေးသေးလေးဖြစ်တည်လာတယ်။
ဂျယ်မင်းက ရည်းစားမထားဖူးတာတော့ မဟုတ်ပေမဲ့ ဂျယ်နိုက သူသိခဲ့ဖူးတဲ့လူတွေနဲ့ ကွဲပြားနေသလို ခံစားရတယ်။
ဂျယ်နိုက သူ့ရှေ့မှာ ရပ်နေရင် တစ်ခြား
ဘာကိုမှ အာရုံမစိုက်နိုင်တော့တာမျိုး။

"ခင်ဗျား.. နေ့လည်စာ စားပြီးပြီလား"

"ဟင့်အင်း ကိုယ်ခုနလေးကတင် အတန်းပြီးတာ"

"ကျွန်တော်လည်း မစားရသေးဘူး။ အတူတူစားကြမလား?"

"အင်း မင်းဘာကြိုက်လဲ။ ကိုယ် စားနေကျ ဆိုင်တချို့တော့ ရှိတယ်။"

"ခင်ဗျား သွားချင်တဲ့ဆိုင်ပဲသွားပါ။ကျွန်တော်က အဆင်ပြေတယ်။"

"ဒါဆို ဒီမှာခဏစောင့်။ ကိုယ် ဆိုင်ကယ် ယူလာခဲ့မယ်"

ဂျယ်နို ဆိုင်ကယ်ယူဖို့ ထွက်သွားတော့ ဂျယ်မင်းက ခုနက ရိုက်ထားမိတဲ့ပုံကို ကြည့်မိတယ်။ ပုံထဲမှာ ဂျယ်နိုက ကျောပေးထားတာ။
သူစိတ်ကပဲ ခံစားရတာလားတော့ မသိပေမဲ့
ဂျယ်နိုကို ကြည့်တိုင်း အထီးကျန်နေတဲ့
ခံစားချက်ရတယ်။ ပုံက လှတာမလို့ သေချာပြင်ပြီးရင် ပရင့်ထုတ်ထားရမယ်လို့ ဂျယ်မင်းက တွေးတယ်။ တွေးနေတုန်း ဂျယ်နိုက ရောက်လာတော့ ဂျယ်မင်းက ပြုံးပြလိုက်မိတယ်။ သူပြုံးပြတာကို မင်းတော့ ဂျယ်နိုကလည်း ပြန်ပြုံးပြလာပါတယ်။

Cornelia Street Where stories live. Discover now