Them

333 40 1
                                    

ဂျယ်နိုက ဆိုင်ကယ်ကို အရှိန်ပြင်ပြင်းမောင်းပြီး ကျောင်းဝန်းထဲဝင်လာတယ်။ ဆိုင်ကယ်တွေ ရပ်ရမဲ့နေရာမှာ ရပ်ပေးတော့ ဂျယ်မင်းက ဆိုင်ကယ်ပေါ်က ဆင်းပြီး ကျေးဇူးတင်စကားဆိုတယ်။

" ကျေးဇူးပဲ ဂျယ်နို။"

"အင်း ရတယ် ဒါဆို ကိုယ်သွားပြီ။"

ဂျယ်နိုသွားတော့ ဂျယ်မင်းလည်း သူ့စာသင်ခန်းဆီ လမ်းလျှောက်လာတယ်။

"အစ်ကို ဂျယ်မင်း"

"အင်း ဂျီဆောင်း"

"အစ်ကို...ဂျေ နဲ့ ရင်းနှီးတာလား? လမ်းတစ်လျှောက်လုံး ကောင်မလေးတွေက အစ်ကိုနဲ့ ဂျေ အကြောင်းပဲ ပြောနေကြတာ။"

"​ ဂျေ?"

"အင်းလေ။ အစ်ကိုနဲ့တူတူလာတဲ့တစ်ယောက်။"

"ဂျယ်နိုလား?"

"ဂျယ်နို? သူ့နာမည်က ဂျေ မဟုတ်ဘူးလား။ ကျောင်းမှာ နာမည်ကြီးလေ သူက။"

"ဂျယ်နိုကလား?"

"အာ.. အစ်ကို ဘာမှမသိသေးဘူးပဲ။"

ဂျယ်မင်းက တကယ် ဂျယ်နို့အကြောင်း ဘာမှမသိဘူး။ ဒီတိုင်း သူ့လိုကျောင်းသားပဲထင်တာ။

"ဘာကိုလဲ?"

" ဂျေက နယူးယောခ့်မှာ အချမ်းသာဆုံးမိသားစုက တစ်ဦးတည်းသောသားလေ။
ရှုပ်ပွေတယ်လို့လည်း ပြောကြတယ်။ ကောင်မလေးတွေကြားထဲမှာ နာမည်ကြီးပဲ။"

"အင်း ဖြစ်နိုင်ပါတယ်။သူက ရုပ်ချောတာပဲကို။"

"ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို သူနဲ့ အရမ်းရင်းနှီးတာ မကောင်းဘူးထင်တယ်။ ကြာလာရင် ကောလဟာလတွေ ပြန့်လာလိမ့်မယ်။"

"အစ်ကိုတို့ အရမ်းမရင်းနှီးပါဘူး။ စိတ်မပူနဲ့။"

စကားပြောနေတုန်းမှာပဲ ဆရာဝင်လာတာမလို့ စကားစ ပြတ်သွားတယ်။ လီဂျယ်နိုက ဘာလို့ LA ကိုသွားမှာလဲဆိုတာတော့ သိချင်မိသား။

အခုမှ နှစ်စပဲရှိသေးတယ် စာမေးပွဲတွေအကြောင်းပြောတာမလို့ စာလုပ်ရမယ်ဆိုတဲ့ ဖိအားကပေါ်လာသေးတယ်။ ဒါမဲ့ ဂျယ်မင်းက ကောင်းကောင်းလုပ်နိုင်ထင်မယ်လို့ ထင်ပါတယ်။

Cornelia Street Where stories live. Discover now