"မင်ဟျောင်း ကျွန်တော်ကတ်က လေးခုတောင် ပိတ်ခံရပြီ။ ကျွန်တော် ငွေစုဖို့ ဖွင့်ထားတဲ့ကတ်ပဲကျန်တယ်"
"ကိုယ်က ကိုယ်ပိုင်ကတ်တွေမလို့ ပိတ်ခံရသေးဘူး"
"အင်း အဲ့တော့လေ.."
ဂျယ်နိုက တစ်ခုခုပြောချင်ပေမဲ့ တွန့်ဆုတ်နေတဲ့ပုံပေါ်တာမလို့ မင်ဟျောင်းက ဘာများဖြစ်တာလဲလို့ ထိတ်လန့်လာရတယ်။
"ဘာလဲ..ဘာလို့လဲ"
"ပိုက်ဆံချေးပါ"
"ဟင်..?"
"အီတလီကို သွားချင်လို့..ဂျယ်မင်းနဲ့"
ဂျယ်နိုပြောတာကြားပြီးမှပဲ မင်ဟျောင်းက သက်ပြင်းချနိုင်တယ်။ ဘာများဖြစ်တာလဲလို့ သူက တွေးပြီး ပူပန်နေတာ။
"အီတလီလား..ဘယ်မြို့လဲ"
"ဖြစ်နိုင်ရင် အီတလီ တစ်ခုလုံးပတ်ကြည့်ချင်တယ်..ကျောင်းဖွင့်ဖို့က လိုသေးတော့လေ.."
"အင်း..ကိုယ်လည်း လိုက်ခဲ့ရင် ကောင်းမလား"
"ဟယ်ချန်းနဲ့လား..ကောင်းတာပေါ့။ ဂျယ်မင်းလည်း သူ့သူငယ်ချင်းနဲ့အတူဆို ပျော်လောက်မယ်"
"အင်း..ဒါဆို ကိုယ် မနက်ဖြန် သွားဖို့ စီစဥ်လိုက်မယ်။ Tour guide လည်း ငှားရမယ်မလား"
" ကျေးဇူးပဲ အစ်ကို ကျွန်တော် ပြန်ဆပ်ပါ့မယ်"
"ထူးထူးဆန်းဆန်း အစ်ကိုလို့ခေါ်တာလား"
ဂျယ်နိုက ပြောပြီးတော့ တိုက်ခန်းထဲ ပြန်ဝင်လာတယ်။ ဂျယ်မင်းကို အံ့ဩသွားစေချင်လို့ သူမသိအောင် စီစဥ်ရတာ။
............
ဂျယ်မင်းအိပ်ရာက နိုးလာတော့ ဂျယ်နိုက
အိမ်မှာရှိမနေ။ သူ့မိဘအိမ်ကို ပြန်သွားပြန်ပြီလားလို့ တွေးလိုက်မိပေမဲ့ အမှိုက်ပစ်ဖို့ တိုက်ခန်းရှေ့ထွက်လာတုန်း မင်ဟျောင်းနဲ့ဟယ်ချန်းကို မြင်တာမလို့ အဲ့လိုမဟုတ်မှန်သိလိုက်ရတယ်။"Morning ဂျယ်မင်း"
"Morning..ဘယ်သွားကြမလို့လဲ"
"ဒီတိုင်းပါပဲ..ဘာရယ်မဟုတ်ဘူး"
"အင်း..ကောင်းကောင်းသွား
"အမှိုက်ပစ်မှာမလား ယူသွားပေးမယ်"
YOU ARE READING
Cornelia Street
Romance| i get mystified by how this city screams your name | (Unicode only)