Part-1🌈

153 6 0
                                    

" Dean!! "

ကိုယ့် အတွေးနဲ့ကိုယ် မုန့်မှာယူနေတုန်း
ရုတ်တရက် လှမ်းဆွဲခံလိုက်ရတဲ့လက်တစ်ဖက်ကြောင့်စိတ်ထဲ စနိုးစနောင့်ဖြစ်သွားသည်။

" ဟာ့ ရူးလို့ လူကိုလာဆွဲနေတာလား "

" မင်း Dean မလား ဟုတ်တယ်မလား "

" အသားမနာချင်ရင် မင်းဆွဲထားတဲ့ ငါ့လက်ကို
အခုချက်ချင်းလွှတ်လိုက် ! ! ငါက မင်းပြောတဲ့လူ မဟုတ်ဘူး "

ဒီ‌ကောင်လေးဟာ တစ်ချိန်က သူသဘောကျဖူးတဲ့
သူ့အဝါလုံးနဲ့ ရုပ်အရမ်းဆင်သည်။ ဒါပေမဲ့ အဝါလုံးမှာက ချစ်စရာပါးဖောင်းဖောင်းလေးတွေရှိပြီး ဒီကောင်လေးမှာက သွယ်လျတဲ့ ပါးပြင်နဲ့ ယောင်္ကျားလေးဆန်ဆန်မျက်နှာကျသာရှိသည်။ အဲ့တာကြောင့်
ဒီတစ်ခါလည်း သူ လူမှားသွားပြန်သည်။

" ဆောရီး ကိုယ့်အသိတစ်‌ယောက်နဲ့ မှားသွားလို့
ဒါနဲ့မင်း နာမည်က ဘယ်သူလဲ "

" မင်းကို ဘာလို့ပြောပြပေးရမှာလဲ "

Jimin မဲ့ပြုံး ပြုံး၍ ပြန်ပြောလိုက်ကာတစ်ဖက်မှ ဆွဲထားတဲ့ သူ့လက်ကို ရုန်းထွက်လိုက်သည်။

ထိုစဉ် JungKook ၏ တက်တူးအပြည့်ရှိတဲ့လက်တစ်ဖက်ကို ခပ်အီအီအသံဖြင့် ပိုင်ပိုင်နိုင်နိုင်ချိတ်ဆွဲလာသောမိန်းကလေး။

" Jeon သူကဘယ်သူလဲကွာ ဘာလို့ တို့ကို တစ်ယောက်တည်း ထားခဲ့တာလဲ "

" ထားခဲ့တာ မဟုတ်ရပါဘူးဗျာ ကိုယ်ရှာနေတဲ့
အသိတစ်ယောက်တူလို့ ခဏသွားနှုတ်ဆက်တာပါ "

" အဲ့ဆိုလည်း သွားရအောင်လေ တို့ ဗိုက်အရမ်းဆာနေပြီ "

" ဒီမှာ ဒါက ကိုယ့်ရဲ့လိပ်စာကဒ် တစ်ခုခု လိုအပ်ရင် အချိန်မရွေး ဖုန်းဆက်လို့ရတယ် အခုတော့သွားခွင့်ပြုဦး‌နော် အခြားကိစ္စရှိသေးလို့ "

Jungkook သူ့ကို ဆက်သွယ်စေလို၍ လိပ်စာကဒ်တစ်ခုပေးကာ စကားပြန်စခဲ့ပေမဲ့ Jiminမှာ
ထိုလိပ်စာကဒ်ကိုချက်ချင်းလုံးချေကာ လွှင့်ပစ်လိုက်သည်။

" ဘယ်သူက မင်းလမ်းပိတ်ထားလို့လဲ သွားစရာရှိတာသွားပါလား အရေးမပါတာတွေလာလုပ်နေတယ် ! "

Rainbow playlists in Dean Nơi câu chuyện tồn tại. Hãy khám phá bây giờ