" ငါ ကြည့်ပေးမယ် တော်လိုက်တော့ "ဒီပုံစံအတိုင်းဆက်သွားရင် ပြဿနာပိုကြီးလာမှာစိုးတာကြောင့် Deanဘက်ကသာ အလျော့ပေးလိုက်
ပုံရသည်။" အမ လူနာမရှိတဲ့ အခြားလွတ်တဲ့ အခန်းရှိသေးတယ်မလား ကျွန်တော်ခဏအသုံးပြုမယ် "
" ဟုတ်ကဲ့ အခုချက်ချင်းပြင်ခိုင်းလိုက်ပါမယ် "
ပြဿနာပိုကြီးသွားမှာစိုးလို့ကြည့်ပေးမယ်ပြောလိုက်သော်လည်း စိတ်ထဲတွင်လုံးဝအဆင်မပြေနေပါ။ ကိုယ်သဘောမကျတဲ့သူဖြစ်တဲ့အပြင် သေချာထိတွေ့ပြီးကြည့်ပေးနေရတာက ခြေထောက်ဖြစ်တာကြောင့် ကြည့်ပေးနေရင်းနဲ့ပင် အသက်ရူလို့မဝဘဲမွန်းကြပ်နေသည်။
" ဒဏ်ရာက အပေါ်ယံဆိုပေမဲ့ ထိခိုက်တာများတာကြောင့် ဒီတစ်ရက်နှစ်ရက်တော့ ခြေထောက်ကို
လုံးဝရေမထိစေဘဲ ကျွန်တော်ပေးတဲ့ အနာကျက်ဆေးနဲ့ လိမ်းဆေးကိုသာ သေချာသောက်ပြီးလိမ်း
သုံးရက်လောက်နေရင် အပူလောင်ထားတဲ့ဒဏ်ရာကအပေါ်ယံအရေခွံအကုန်ကွာကျသွားပြီး အဲ့ချိန်ကျ
ပုံမှန်အတိုင်းသက်သောင့်သက်သာဖြစ်သွားလိမ့်မယ်.... "" သိပြီ "
ကျေးဇူးတင်စကားပြောဖို့နေနေသာသာ
'သိပြီ' ဆိုတဲ့စကားကို မျက်နှာကြည့်ပြီးတော့တောင်မပြောခဲ့။ JungKookထိုင်နေတဲ့ဘေးဘက်ကိုသာ မျက်နှာအပြည့်လွှဲထားပြီး သူ့လက်နဲ့ JungKook လက်ကို အချင်းချင်းယှက်ကာ ဆုပ်ကိုင်ထားသည်။" နာတာ နည်းနည်းသက်သာသွားပြီမလား မမ "
" စောနလောက်တော့ မနာတော့ဘူး "
" Deanကအစတည်းက ကြည့်ပေးရင်ပြီးနေတာကို ကျွန်တော့်ကိုစိတ်မရှည်အောင် လုပ်လိုက်သေးတယ် ဒါနဲ့Deanက ဒီဆေးရုံမှာ ဘာလုပ်နေတာလဲ လက်တွေ့ဆင်းနေတာလား "
Deanမှာ JungKook နဲ့စတွေ့ကတည်းက
သူ့ရဲ့မျိုးရိုးနာမည် ' ဘာတန် ' အပြင်
အခြားအမည်၊ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်တဲ့အကြောင်းရာတွေကို အတွင်းကျကျပြောပြလေ့မရှိတာကြောင့် ဒီ 'ဘာတန်ဆေးရုံ' က Deanအဖွားရဲ့ဆေးရုံဆိုတာတောင် JungKook မသိပါ။
YOU ARE READING
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။