Part-2🌈

84 6 0
                                    


ဆိုးလ်မြို့ရှိ နာမည်ကြီးသော အဆောက်အအုံအိမ်များစွာထဲမှ တစ်ခုအပါအဝင်ဖြစ်သော Jeonအိမ်တော်တွင် အလုပ်သမားများ ခပ်ရုတ်ရုတ်ဖြစ်နေကြသည်။ အကြောင်းမှာ သူတို့အိမ်ရှိ သခင်လေးလူဆိုးပေါက်စ ပြဿနာရှာထားခြင်း...

" JeonJungKook... မင်းဒီလောက်ထိ ရုပ်ပေါက်မလာနဲ့ !! အသက်ကဖြင့် ဆယ့်‌‌ရှစ်နှစ်စွန်းစွန်းဘဲရှိသေးတာ ကလပ်ကို ဘာသွားလုပ်တာလဲ...ဟမ်!!!
ဒယ်ဒီ မင်းသ‌ဘောအတိုင်း လွှတ်ပေးထားတယ်ဆိုတာက အပျက်သဘောဆောင်ဖို့မဟုတ်ဘူး !!!!!!"

တစ်ခါမှ မပြောဖူးသော အသံနေအသံထားဖြင့်တစ်အိမ်လုံးဟိန်းထွက်‌နေအောင်ဆူဟောက်လိုက်သည်...

အမှန်က ကလပ်ခိုးတက်ရင်တောင် သူဆူပြောလိမ့်မည်မဟုတ် အခုဟာက ကလပ်တွင်ရန်ပွဲတွင်ခဲ့ခြင်း....။ ခိုက်ရန်ဖြစ်ခဲ့တဲ့ တစ်ဖက်ကလူငယ်‌တွေကို ကျေးအေးငွေပေးကာ အမှုပိတ်ခဲ့‌ပေမဲ့ သူတို့၏စိတ်ထဲ၌ အမှန်တကယ်အခဲကျေရဲ့လား ဘယ်သူမှမသိနိုင်.....တချို့အရာများကို ပိုက်ဆံဖြင့်လွယ်လွယ်ဖြေရှင်းနိုင်ပေမဲ့ ပိုက်ဆံပေးတိုင်းလည်း ဖြေရှင်းမရနိုင်သည့်အရာများရှိသေးကြောင်း....ဒီကလေးကိုသိစေချင်သည်။

" ယောင်္ကျားကလည်း ကလေးကိုအဲ့လောက်မဆူပါနဲ့ ... တစ်ဖက်လူနဲ့ကအခက်မသင့်လို့ ရန်လေးဖြစ်ခဲ့ရုံကို... "

" ဒါဆိုဒယ်ဒီ အီထယ်ဝန်းမှာ ကလပ်အသစ်ဖွင့်လိုက်တာ ဘာလို့ကျွန်တော့်ကို မပြောလဲ....ကလပ်ထဲသူများတွေ စိတ်လွတ်လက်လွတ်ပျော်ပါးထခုန်နေတာမြင်ရင် ကျွန်တော်ဘယ်လောက်ပျော်လဲ... ကျွန်တော်တဖျက်ဖျက် ရောင်စုံမီးရောင်တွေကို ဘယ်လောက်သ‌ဘောကျလဲ....
ဒယ်ဒီသိရက်သားနဲ့!!! အခုဟာကလည်း ကလပ်အသစ်မို့ ဒီတိုင်းလေးသိချင်လို့သွားကြည့်တာ ရန်ဖြစ်ရုံကလွဲ ဘာမဟုတ်တာမှလုပ်မလာဘူး !! "

" သားလေးJeon တော်တော့... "

အမေဖြစ်သူမှာသူ့သားဘဲလူထင်နေသလားမသိ
အခုထိပိုးမွေးသလို မွေးထားသည်။ဆုံးမစကားလည်း တော်ရုံမပြော အရာအားလုံးသူ့သားအကြိုက်သာဆောင်သည်။
သားဖြစ်သူကလည်း ဒီလိုကျွန်‌တော်...တွေထပ်ပြီး
ပြန်ပြောပုံကိုက မဟုတ်နေတာသူမသိ...!! တစ်ယောက်တည်းရှိလို့ တော်သေး... ပုံစံတူ သုံးလေးယောက်များရှိရင် သူ့အနေနဲ့အရူးထောင်မှာ အ‌ခြေစိုက်ရမယ့်ဖြစ်ခြင်း...

Rainbow playlists in Dean Where stories live. Discover now