" ပင်ပန်းသွားပြီ ဒေါက်တာPark... နားရမယ့်ရက်ကို
အလုပ်ဝင်ပေးလို့ အန်ကယ်ကျေးဇူးလည်းတင်သလို
အားလည်းနာပါတယ် "" ရပါတယ်ဆေးရုံအုပ်ကြီး ဒီလိုမျိုးလူနာတွေကို ကယ်တင်ပေးနိုင်တာနဲ့တင် ကျွန်တော်ဝမ်းသာကျေနပ်ရပါတယ် "
" အန်ကယ်တို့ ဆေးရုံကတော့ မင်းတစ်ယောက်နဲ့တင်ကို အတော်လေးအဖိုးတန်နေပါပြီ "
" မဟုတ်ရပါဘူးဗျာ "
အမှန်ဆိုဘွားဘွားမဆုံးခင်က သူ့အတွက်ကြိုတင်စီစဉ်ပြီးထားပေးခဲ့တဲ့ 'ဘာတန်' ရဲ့ဆေးရုံအုပ်နေရာကို ကျောင်းပြီးတာနဲ့ လက်လွဲယူရမည်ဖြစ်သော်လည်း သူ့ရဲ့စိတ်ကျန်းမာရေးချို့ယွင်းချက်ကြောင့်တစ်နှစ်နောက်ကျသွားခဲ့သည်။
နောက်ပြီး ဆေးရုံအုပ်နေရာကိုလွှဲပြောင်းယူပြီး မကြာမီ သူကိုယ်တိုင်ဆက်လက်ဦးစီး၍တာဝန်ယူရန် ကြံရွယ်ခဲ့ပေမဲ့ Hobi hyungနဲ့ ဦးလေးတို့ကို ပေးထားတဲ့ကတိရှိနေတာကြောင့် ဆိုးလ်မြို့ကိုဘဲ တစ်ဖန်ပြန်ရောက်ကာ နေထိုင်မှုအသစ်ပြန်စခဲ့ရသည်။
အခုအလုပ်ဝင်ထားတဲ့ ဆေးရုံကတော့
မဆိုးဘူးပြောရမယ်။ ဆိုးလ်မြို့ရဲ့နာမည်ကြီးဆေးရုံတစ်ခုဖြစ်တဲ့အပြင် အချိန်ပြည့် ဆေးရုံမှာထိုင်စရာ
မလိုဘဲ လူနာချိန်းဆိုချက်ရှိမှသာ ရောဂါကြည်ရှု့စစ်ဆေး၍ ခွဲစိတ်ပေးရသည်။ ပုံမှန်ဆို သူတစ်လအတွင်း လူနာလေးငါးယောက်လောက်သာအချိန်းအချက်ယူပြီး ခွဲစိတ်ပေးပေမဲ့ ဒီလထဲတွင်တော့ ခွဲစိတ်ခဲ့တဲ့လူနာအားလုံး ဆယ့်နှစ်ယောက်ကျော်တောင်ရှိခဲ့သည်။" တကယ်တောင်းပန်တယ်hyung...
ဒီနေ့မှအရေးကြီးခွဲစိတ်ရမဲ့လူနာ ရှိလာလို့ ပြီးတော့ကျွန်တော်နဲ့မှ မဟုတ်ရင်လည်း မခွဲစိတ်ဘူး ဖြစ်နေတာနဲ့ "ကြင်ယာဘက်သွားတွေ့မယ့်ကိစ္စမှာ ဒီအပတ်လည်း
အလုပ်ရှိလာ၍ သွားရန်အချိန်နောက်ကျသွားသည်။ထို့ကြောင့်hobi hyungကိုဘဲ အကျိုးအကြောင်းဖုန်းဆက်၍ပြောလိုက်သည်။" ရတယ်ရတယ် အဲ့ဆိုhyung နောက်အပတ်လို့
သူ့ကိုပြန်ပြောလိုက်မယ်နော် "" ဟုတ်ကဲ့hyung ကြားထဲက အလုပ်များရပြီ "
" မများပါဘူး Jiminကိစ္စဘဲကို "
ESTÁS LEYENDO
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။