" ဟုတ်ပြီမာမီ "" ဒါနဲ့ သားရဲ့မာမီကိုတော့ ဒီနိုင်ငံမှာတစ်ယောက်တည်းမထားခဲ့ပါဖူးနော်... "
" ဟ...ဟ...မာမီက ဒယ်ဒီရှိနေတာဘဲလေ ဘာလို့တစ်ယောက်တည်းဖြစ်ရမှာလဲ ပြီးတော့ဒယ်ဒီကမာမီ့ကို ဘယ်လောက်ချစ်လဲ ကျွန်တော်နဲ့အီတလီတောင်
ပေးမလိုက်ဘူးလေ... "" တော်ပါ...မင်းကိုကပြန်မလာချင်နေတာ ! "
" မဟုတ်ရဘူးဗျာ... ဒါနဲ့မာမီကျွန်တော်ပြောတဲ့ကျောင်းကိစ္စကိုလည်း သေချာစုံစမ်းပေးဦးနော်... "
" အင်းပါ... "
မာမီနဲ့ဖုန်းပြောရင်း ဟိုအကြောင်းဒီအကြောင်း
ဆက်မိစပ်ရာရောက်သွားသည်။
သူဒီမှာရောက်နေတာတစ်လကျော်ပင်ကြာနေပြီဖြစ်၍ ဘယ်တော့ပြန်လာမလဲဟုလည်း
တတွတ်တွတ်မေးနေသည်။
မာမီ့အတွက်ကျ သူကတစ်ဦးတည်းသောသားဖြစ်လို့
လွမ်းတာဖြစ်ပေမဲ့ အမှန်ကသူဒီနိုင်ငံကနေ အိမ်ပြန်ဖို့ စိတ်ကူးပင်မရှိသေး။
ပြီးတော့ဒီရက်ပိုင်း Dean နဲ့သာတချိန်လုံးရှိနေ၍ အချိန်တွေဘယ်လိုကုန်သွားမှန်း
သူ့ကိုယ်သူပင်သတိမထားမိခဲ့...။.......................
ဒီကနေ့တွင်သူတို့လေးယောက်လုံး ကစားကွင်းသို့
သွားလည်ရန်ချိန်းဆိုထားကြသည်။ဒါပေမဲ့...." Deanလေး ဒီနေ့ကျောင်းပိတ်တယ်မလား ဘယ်သွားမလို့လဲ "
" ကစားကွင်းသွားလည်မလို့ ဖွားဖွား "
" အေ... ဘယ်သူနဲ့လဲ "
ရုတ်တရက်မေးလာသောဒီမေးခွန်းကို Dean
ဖြေရခက်သွားသည်။ဘွားဘွားကခါတိုင်းဆို ဒီလိုမေးခွန်းမျိုးမေးလေ့မရှိ ဒီနေ့ကျမှအထူးတလည်မေးလာသည်။
ကစားကွင်းမှာAgustDနဲ့ JungKookသူငယ်ချင်း
Taehyungပါ ပါမည်ဖြစ်သော်လည်း JungKookကိုတော့ ရိုးသားရိုးသား ဘွားဘွားနဲ့
မိတ်ဆက်ပေးချင်မိသည်။ထို့ကြောင့်..." ဘွားဘွား အမှန်ကကျွန်တော်ချစ်သူတွေ့နေပြီ သူ့နာမည်က... "
YOU ARE READING
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။