Jeonအိမ်တော်ရဲ့မိသားစုထမင်းစားခန်းမှာ ဒီနေ့တွင် ခါတိုင်းနဲ့မတူဘဲ တမူထူးခြားနေသည်။
အကြောင်းကတော့ Jeonအိမ်ပြန်လာ၍
သူ့မိဘတွေနဲ့အတူ မနက်စာစားနေခြင်း။
သို့ပေမဲ့ Jeonအမေမှာ စိတ်ပျော်နေပုံ
မရဘဲ မျက်နှာညိုးနေသည်။" သား မနက်ဖြန် လန်ဒန်ကိုသွားရမယ်ဆို "
" ဟုတ်တယ်လေ မာမီ ဘာဖြစ်လို့လဲ ? "
" ဘယ်နှစ်ရက်ကြာမှာလဲ "
" အနည်းဆုံး လေးရက်လောက် "
" သားအဲ့ကပြန်လာရင် ဒီအိမ်မှာဘဲပြန်လာနေလိုက်တော့... မာမီမှာကသားဆိုလို့ မင်းတစ်ယောက်ဘဲရှိတာ အခုက မိဘအိမ်မှာမနေတဲ့အပြင် တစ်ပတ်မှတစ်ခါတောင် ပုံမှန်လာမတွေ့တော့ အဆင်မပြေတော့ဘူး "
" ဒီရက်ပိုင်း ကုမ္ပဏီကနောက်ထုတ်ကုန်အတွက်
အလုပ်ရှုပ်နေတဲ့အပြင် ညှိမရတဲ့ကိစ္စလေးတွေ
ရှိနေလို့မလာဖြစ်တာ... စိတ်မဆိုးပါနဲ့
ဒီတစ်ခေါက် လန်ဒန်ကပြန်လာရင် မာမီ့အကြိုက်တွေ ဝယ်ခဲ့ပေးမယ် "" မရဘူး ဒီတစ်ခေါက်ပြန်လာရင် ဒီမှာဘဲလာနေတော့ "
" ဒယ်ဒီ! ကူပြောပေးဦးလေ... ကုမ္ပဏီအကြောင်း
ဒယ်ဒီလည်းသိရက်သားနဲ့ "" မင်းကံဘဲ အရင်ရက် ဒယ်ဒီခေါ်ကတည်းက ပြန်လိုက်ခဲ့ရင် ပြီးနေတဲ့ကိစ္စကို နောက်အပတ်...နောက်အပတ်ရွေ့နေတာနဲ့ အခုဆို တို့အမကြီး စိတ်ဆိုးသွားပြီ "
အကူအညီရမလားလို့ ဒယ်ဒီနဲ့မျက်လုံးချင်းဆုံကာ တပ်ကူလှမ်းတောင်းသော်လည်း ဒယ်ဒီမှာ သူ့မိန်းမနှင့် ပတ်သတ်ရင် အလံဖြူဖြစ်နေသည်။
" ဒီအိမ်ကနေ အလုပ်တက်ဆို သွားရတာလှမ်းတယ်အဆင်မပြေဘူး မာမီလည်းသိတဲ့အတိုင်းဘဲ...
ဒီလိုလုပ် နောက်အပတ်တွေကစ ကျွန်တော် တစ်ပတ်ကိုနှစ်ခေါက် အိမ်အမြဲပြန်လာမယ်လေ "ဖအေတူမျက်နှာချောချောကိုမှ မြင်ရခဲ့တဲ့ အပြုံးတွေနဲ့ ဖောဖောသီသီပြုံးကာ မျက်နှာချိုသွေးပြီး ပြောလာတော့ မလွန်ဆန်နိုင်။ ဒီလောက်လေး ပြန်တွေးပေးတာနဲ့တင် သူမအနေဖြင့်ကျေနပ်နေရပြီ။
မှတ်မှတ်ရရ ဟိုးအရင်နှစ် အီတလီသွားပြီး ပြန်လာတုန်းကဆို မိဘနှစ်ယောက်လုံး ဘာပြောပြောမရ နားလည်းမထောင် ကျောင်းလည်းဆက်မတက်တော့တဲ့အပြင် သူ့ဒယ်ဒီနဲ့သာ အမြဲကုမ္ပဏီလိုက်ပြီး အလုပ်ကို အရူးလိုလုပ် အချိန်ပြည့် စိတ်တိုနေခဲ့တာကြောင့်ကိုယ်တွေတော်တော်လေး စိတ်ညစ်ခဲ့ရသေးသည်။အတပ်အပ်တော့ မပြောနိုင်သေးပေမဲ့ ဒီနှစ်ပိုင်းတွင် Jeonကလေးရဲ့ထိုအကျင့်များ ပြန်ပျောက်သွားပုံရတယ် စကားလည်းအရင်လိုပြန်ပြောလာပြီး တဇွတ်ထိုးကိစ္စတွေဆိုပြန်ညှိနှိုင်းလို့ရလာပြီ။
BẠN ĐANG ĐỌC
Rainbow playlists in Dean
Lãng mạnမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။