" နာနီမီလာ... ဘွားဘွားရော! အခုထိအိမ်ပြန်မလာသေးဘူးလား "" ဟုတ်တယ် Deanလေး... ဒီရက်ပိုင်း ဘွားဘွား
အိမ်ကို ပြန်မလာဖြစ်ဘူး ဒါနဲ့ Dean တစ်ခုခုများ လိုအပ်လို့လား "" ဘာမှမလိုဘူး နာနီ... ကျွန်တော်အခု ဆေးရုံသွား
မလို့ အဲ့တာ ဒရိုင်ဘာ အဆင်သင့်ပြင်ထားပေးပါ "" အင် ! Dean အခု ဆေးရုံသွားမလို့လား !! "
" ဟုတ်တယ်လေ... နာနီ ဘာတွေ လန့်နေတာလဲ "
" မစ္စဘာတန်က သူ မခေါ်ဘဲ Deanကို ဆေးရုံမလာစေဖို့နဲ့ အိမ်မှာသာ စာကြည့်ခိုင်းဖို့ နာနီကိုမှာထားတယ် ... "
" ကိစ္စမရှိဘူး နာနီ... ဘွားဘွားကို ကျွန်တော့်ဘာသာ ဖြေရှင်းချက်ပေးလိုက်မယ် "
" ဒါပေမဲ့လည်း Deanဘွားဘွားကို ဖုန်းအရင်ဆက်ပြီးမှသွားရင် ပိုအဆင်ပြေသလား လို့ကွယ် "
" Dean လည်း ဘွားဘွားကို ဖုန်းအရင်ဆက်ပြီးအသိပေးချင်ပေမဲ့ ဘွားဘွား ဖုန်းက အချိန်တိုင်း စက်ပိတ်ထားတာ ဆက်မရဘူး "
" အေ... ဟုတ်သလား နာနီ ဆက်ကြည့်ပါဦးမယ် "
မစ္စ ဘာတန် မှာ ဒီရက်ပိုင်း ခဏခဏနေမကောင်းဖြစ်၍ ဆေးရုံလည်း ခဏခဏသွားရသည်။
ထို့ကြောင့် ကျန်းမားရေး တစ်ခုခု ချို့ယွင်းလို့များလားဟု မီလာ မှာ စိတ်ပူပန်၍ မေးခဲ့သော်လည်း
မစ္စဘာတန် မှာ ဘာမှ သေချာ မပြောပြခဲ့ပါ။
ဒီတိုင်း သာမန် လူကြီးရောဂါ ဟုသာ ခေါင်းစဉ် တပ်ပြီး ထိုအကြောင်းကို Deanကို ပြန်မပြောပြဖို့နဲ့ သူမ၏ ခွင့်ပြုချက်မရှိဘဲ Deanကို ဆေးရုံမလာဖို့အမှာစကားတွေသာ အထပ်ထပ်မှာခဲ့သည်။
သို့ပေမဲ့ အခု Deanမှာ ရုတ်တရက် ဆေးရုံသွားမည်ဟုပြောလာသောကြောင့် မီလာမှာ အခက်တွေ့နေပြန်သည်။" နာနီ... ခေါ်မရရင် မခေါ်တော့နဲ့
ကျွန်တော် ဆေးရုံဘဲ တိုက်ရိုက်သွားလိုက်တော့မယ် "" အင်းပါကွယ် နာနီမခေါ်တော့ဘူး "
ဘာတန်ဆေးရုံ၌
ဘာတန် ဆေးရုံကတော့ အချိန်ပြည့် လူနာများနှင့်
ပြည့်နေပြီး ဆရာဝန်များကတော့ အလုပ်ကိုယ်စီဖြင့်
ပြေးလွှားနေကြသည်။ ဘာတန် ဆေးရုံမှာ ဆေးကုသ ပေးတဲ့နေရာ ဖြစ်၍ ဆေးရုံ ဟုခေါ်တွင်သော်လည်း အမှန်တကယ်ကဆေးရုံနှင့်ပင်
နဲနဲမျှမတူ။ အဆောက်အဦးမျက်နှာစာ ပုံစံကို
ပန်းကနုတ်များဖြင့်ထွင်းကာ တည်ဆောက်ထားပြီး အဆောက်အဦး အရှေ့နှင့် အနောက်တွင် သစ်ပင်များ အပြည့်စိုက်ထားကာ ထိုသစ်ပင်အောက်တွင်လည်း လူနာများ ခဏတာ အနားယူနိုင်ရန်အတွက်
ခုံတန်းရှည်များ အစီအရီချထားပေး သေးသည်။
ESTÁS LEYENDO
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။