မိန်းကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းတစ်ချို့ ဝယ်ယူနေတုန်း မျက်စိရှေ့မှာ ပေါ်လာတဲ့ Dean။ ပြောသာပြောရသာ Deanက ယောင်္ကျားလေးတစ်ယောက်ဖြစ်သော်လည်း အလွန်ချောမောပြီးလှပလွန်းသည်။ လွန်ခဲ့သော တစ်ပတ်က Kookက သူ Dean နဲ့တွဲနေကြောင်း တွဲရတဲ့အကြောင်းရင်းကလည်း လောင်းကြေးကြောင့် အပျော်တွဲတာဖြစ်ကြောင်း အရက်သောက်ရင်းရုတ်တရက် ဖွင့်ဟလာခဲ့သည်။
အစက အပျော်တွဲတာပါဆိုပြီး ဒီတိုင်းနေခဲ့ပေမဲ့ Deanရဲ့ သိမ်မွေ့တဲ့အပြုမူတွေ ၊ Dean အပေါ် Kookရဲ့ ဂရုစိုက်ပေးတာတွေ မြင်လာတော့
မိန်းခလေးပီပီ စိတ်ထဲက မနာလိုလာပြီး Kookကလည်း တကယ်သဘောကျပြီး နှစ်သက်သွားမှာ စိုးလာသည်။ နောက်ပြီး ဒီတစ်ခေါက် Kookဆီ
ပြန်လာတာက Kookနဲ့ သူရဲ့ ဟိုမရောက်ဒီမရောက် ပတ်သတ်မှုကို တရားဝင်ဆက်ဆံရေးတစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်ဖို့။ အဲ့တာကြောင့် သူတို့နှစ်ဦးကြား မှာရှိနေတဲ့ အရှုပ်တွေကို ဖယ်ထုတ်ပစ်ဖို့ ဝန်လေးနေတော့မည်မဟုတ်ပါ။" ဒါ Dean မလား "
" ဟုတ်ကဲ့ "
" ဒါနဲ့ဘယ်လိုဖြစ်လို့ မိန်းကလေး ပစ္စည်းတန်းထဲ ရောက်နေရတာလဲ ဘာလဲ Dean လည်းမိန်းကလေး
ပစ္စည်းသုံးရတာ ကြိုက်လို့လား "ခနဲ့တဲ့စကားတွေကို ခပ်ဟဟတစ်ချက်ရယ်ကာ
ဘာမှမဖြစ်သလို ပြောလာတဲ့ သူမ။" မဟုတ်ဘူး ကျွန်တော့် အဘွားအတွက် လာဝယ်တာကိစ္စမရှိရင် သွားလိုက်ပါဦးမယ် "
" ခဏလေးနေပါဦး JungKook နဲ့ ပတ်သတ်ပြီး
တို့ ပြောစရာရှိတယ် "သွားလက်စ ခြေလှမ်းတွေကို ချက်ချင်းရပ်ပစ်လိုက်ပုံက JungKookအပေါ်ကို တော်တော် စိတ်ဝင်စားပုံရသည်။ဒီလိုတော့ မဖြစ်ပါ။
" ဘာပြောမလို့လဲ "
" အချိန်ရှိတယ်မလား ကော်ဖီဆိုင်ခဏသွားရအောင် "
" အချိန်က အကြာကြီးမရဘူး ဆယ်မိနစ်လောက်အဆင်ပြေလား မပြေရင် ကျွန်တော်နောက်ရက်... "
" ပြေတယ် "
" ဟုတ်ကဲ့ အဲ့ဆိုသွားရအောင် "
ဘာတန်ဆေးရုံ၌ ~
DU LIEST GERADE
Rainbow playlists in Dean
Romantikမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။