Part-26 🌈

72 5 4
                                    


ကျွန်တော် သူ့ကို ထာဝရဆုံးရှုံးလိုက်ရပြီထင်တယ်။ သူသတ်မှတ်တဲ့ သူ့ရဲ့အချစ်ကအလျော်အစားကြီးလွန်းတာကြောင့်  ကျွန်တော်သူ့ကိုဘယ်မှာမှလည်း ထပ်ရှာမတွေ့နိုင်တော့ဘူး...။

                                           #JeonJungkook

*****************************

" လေဆိပ်ထွက်ပေါက်မှာ CEO ရဲ့ကားအဆင့်သင့်ရောက်နေပါပြီ "

" အင်း "

ခါတိုင်းဆို သူဌေးမှာ နိုင်ငံခြားခရီးစဉ်က ပြန်လာတိုင်း ဒရိုင်ဘာလာကြိုပေးတဲ့ကားနောက်တွင်သာ အိပ်ပြီး ပြန်လိုက်တတ်ပေမဲ့ အခုတစ်ခါတွင်တော့
မတူ။ စီးနေကျကိုယ်ပိုင်ကားကိုဘဲ အဆင်သင့်ပြင်ခိုင်းထားခဲ့သည်။ ဒါနဲ့သူ‌ဌေးက နေမကောင်းနေတာကို ဆေးရုံအရင်မသွားဘဲ ဘယ်ကိုထပ်သွားမလို့လဲ
မသိဘူး။  နေမကောင်းဖြစ်ရင် ဆေးရုံသွားရမှာကို...
နောက်ပြီးရင်သူဌေးရဲ့အမေ Jeonက‌တော်က သူ့ကိုဘဲဖုန်း‌ဆက်၍ ဟိုဟာဒီဟာအကုန်စစ်ဆေးမေးဦးမယ်။

လန်ဒန်ကနေတိုက်ရိုက် လေယာဉ်12နာရီလောက်စီးပြီး လေဆိပ်ဆိုက်ကပ်တဲ့အထိ စိတ်ရောကိုယ်ပါသက်သောင့်သက်သာရှိနေခဲ့‌ပေမဲ့ လေဆိပ်ထွက်ပေါက်ရောက်တော့မှ မမျှော်လင့်ဘဲ ဖျင်းကနဲချုံခိုတိုက်ခိုက်လာတဲ့လေစိမ်းပြင်းပြင်းတွေကြောင့် Jeonရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးစက်သွားကာ နှလုံးသားမှာလည်းဗလာကျင်းသွားသည်။

အဟက်... တောင်ကိုရီးယားရဲ့ဆောင်းရာသီအလှကတော့ အထူးတလည် စာဖွဲ့စရာမလိုပါလား။
နေရာတိုင်း အဝါ‌ရောင်၊ အနီရောင်၊ ကြက်သွေးရောင် ၊ လိမ္မော်ရောင်စတဲ့ ရောင်စုံသစ်ပင်ပန်းပင်တွေနဲ့ ချယ်ရီပန်းများကလည်း လေတိုက်တိုင်း တဖြုတ်ဖြုတ်မြေသို့ကြွေကျသွားပုံမှာ လုံးဝအဆွေးဓာတ်အပြည့် ဆွဲဆောင်မှုလည်းသိပ်ရှိတယ်။
ဒီလိုနှင်းကျမြဲပြီး နေ့ရက်တိုင်းစိုစွတ်နေတဲ့ရာသီဥတုက ကျွန်တော်အကြိုက်တော့မဟုတ်ပေမဲ့ ကျွန်‌တော့်ရဲ့ရည်းစားဟောင်းထဲက ဆရာဝန်လောင်းDean ကတော့  သိပ်ကိုမှသ‌ဘောကျသည်။
ထို့ကြောင့်ဒီလိုရာသီ ၊ ဒိလိုအချိန်ရောက်တိုင်း ကျွန်တော်သူ့ကိုတိတ်တခိုးလေးလွမ်းမိတယ်ဗျာ။ နောက်ကျွန်‌တော့်ရဲ့အပြုမူတွေအတွက်လည်းတောင်းပန်ချင်သေးတယ်။
ဒါနဲ့ ဖြစ်ခဲ့သမျှကိစ္စတွေအတွက် နောင်တရလို့တော့မဟုတ်ဘူးနော် ဒီတိုင်းကျွန်‌တော်မသိတဲ့ ဖုံးကွယ်ထားတဲ့ခံစားချက်‌တွေကို ဒါကဒီလိုပါလားဆိုပြီး သေချာ‌ပြသပေးခဲ့လို့။

Rainbow playlists in Dean Where stories live. Discover now