အချိန်အားဖြင့်လေးနှစ်ကြာပြီးနောက် ~တစ်နွေတစ်မိုးအဖန်ဖန်ပြောင်းပြီးဥတုရာသီက
အခုဆိုဆောင်းဦးတောင်ပြန်ရောက်လာပြီ။
ဟိုး အရင်နှစ်တွေကတော့ အရာအားလုံးကို ပြန်အစထူဖို့ စိတ်ရောကိုယ်ပါ သေမတတ်ပင်ပန်းခဲ့ပေမဲ့
ဒီနှစ်တွင်တော့ ထိုစိတ်ခံစားချက်အားလုံး ပျောက်ကွယ်ပြီး တစ်စွန်းတစ်စမျှပင် မရှိတော့ပါ။
နှလုံးသားထဲလည်း ခံစားချက်လုံခြုံမှုအပြည့်ဝပြန်ရရှိပြီးစိတ်အေးနေသေးသည်။ ဤအရာကဘွားဘွားအစား အထူးတလည် ဝင်ရောက်လာပေးတဲ့ ကလေးတစ်ယောက်ကြောင့်ဆိုလည်း မမှားပါ။" ကိုကို ! "
" ကိုကိုရေ ... "
" အိပ်ရာထတော့လေ ဘယ်အချိန်ထိအိပ်နေမှာလဲ အင်ကျီသွားဝယ်ရအောင်... ကိုကို !! "
Jiminအိပ်ရာထဲမှာတင် ခေါင်းကုပ်မိတယ်
ဒီကလေးစုတ်က ဘယ်ကနေဘယ်လိုလေလွှင့်လာပြန်တာလဲ။" အိပ်နေတာကို ဘာလို့အကျယ်ကြီးအော်နေတာလဲဘယ်အင်ကျီမှသွားမဝယ်ဘူး နောက်ပြီးကိုကို မင်းနဲ့ပါတီမလိုက်ဘူးလို့ ပြောပြီးသားနော် "
" မရဘူး ကိုကိုမပါရင် ကျွန်တော်လည်း မသွားဘူး "
" အဲ့လိုမရဘူးလေ ကိုကိုက အလုပ်... "
" ကိုကို့ အချိန်ဇယား ကြည့်ပြီးသွားပြီ ဒီနေ့ဘာလူနာမှခွဲစိတ်ဖို့မရှိဘူး "
" ပြောတာအရင်ဆုံးနားထောင်ဦး ဟွန်းလေး "
" ပြော...... "
" ကိုကိုဒီနေ့အလုပ်မရှိဘူးဆိုတာ မှန်တယ် ဒါပေမဲ့
ဦးလေးပတ်အိမ်သွားရမှာ ခေါ်ထားတာကြာပြီ ထပ်မသွားရင် အဆူခံထိလိမ့်မယ် "" အဲ့ဒါများ စောစောမပြောဘူး... ကျွန်တော့်ကိုပါခေါ်သွား ကျွန်တော်လည်းလိုက်မယ် အင်ကျီလည်းသွားမဝယ်တော့ဘူး ပါတီလည်း မသွားတော့ဘူး "
" ဒီညကမင်းအဖေရဲ့ မွေးနေ့ပါတီလေ ရိုးရိုးပါတီမဟုတ်ဘူး နောက်အခေါက်မှလိုက် လိမ္မာတယ် "
" ဒါနဲ့ကိုကို... "
" ဟင် "
" ကြင်ယာဘက် သွားတွေ့မလို့ဆို "
YOU ARE READING
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။